တချိန်က
အစားထိုးမရတဲ့
ကိုယ့်ရဲ့ ထာဝရကိုမရေရာတဲ့
မင်းနဲ့ တခဏတာအတွက်
စတေးရက်ခဲ့တယ်ဆိုတာမင်းသိခဲ့ရင်လေ
.
.
.
.
.
.
.
.
.🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
လေးဘက်လေးရံလုံး ရှေးကျတဲ့ ဗိသုကာလက်ရာတွေနဲ့အလှဆင်ထားတဲ့ ခန်းမကျယ်ကြီးရဲ့ စင်မြင့်တစ်ခုအောက်မှာ ဝန်ဘင်းကအခြားသူတွေနဲ့အတူ ဒူးထောက်ထားသည် သူ့ရှေ့မှာ ပုလ္လင်သုံးခုချထားပြီး ထိုပေါ်မှာ ဝတ်ရုံရှည်တွေဝတ်ထားတဲ့ လူသုံးဦးထိုင်နေသည်
"မင်းတို့သိထားရမှာက သူရဲကောင်းတစ်ယောက်ရဲ့တာဝန်က ကိုယ့်မျိုးနွယ်ကို ကာကွယ်ဖို့ဆိုရင် လူသတ်သမား တစ်ယောက်ရဲ့တာဝန်က ပစ်မှတ်ရဲ့အသက်ပဲ ဘာတွေပဲရင်းနှီးရရင်းနှီးရ ဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရ ပစ်မှတ်အသက်ကိုယူနိုင်မှသာ တာဝန်ပြီးမြောက်အောင်မြင်တယ်"
ညာဘက်ကလူကပြောသည်။
"ငါတို့ရဲ့ပစ်မှတ်က အားနည်းချက်မရှိပြီးပြည့်စုံနေတဲ့ သူ၊ ငရဲကပြန်လာတဲ့နတ်ဆိုးတပါးလိုသွေးအေးရက်စက်ပြီး လူတိုင်းရဲ့နှလုံးသားမှာ အကြောက်တရားကို ရိုက်သွင်းပေးနိုင်သူပဲ "
တစ်စုံတစ်ဦးကိုလုပ်ကြံဖို့ညွှန်ကြားနေတာပေမယ့် ထိုလူ့အသံက အလွန်တရာ တည်ငြိမ်နေသည်။
" အားနည်းချက်မရှိဘူး ဟား ဘယ်လောက်ပဲ အားကောင်းသန်မာသူဖြစ်နေပါစေ ပျော့ကွက်တစ်ခုကတော့ ရှိနေမှာပဲ "
ဘယ်ဘက်ကလူကပါ ကြိတ်မနိုင်ခဲမရဒေါသအပြည့်နဲ့ပြောလာသည်
"ပျော့ကွက်မရှိဘူးဆိုရင်လည်း တစ်ခုဖန်တီးပေးလိုက်တာပေါ့"
ထိုလူနှစ်ဦးကအတိုင်အဖောက်ညီနေကြသည်။ဝန်ဘင်းက ထိုသူတွေပြောသမျှကို ရိုကျိုးနာခံစွာ ခေါင်းကိုငုံ့ထားခဲ့သည်။ သူထိုသူတွေရဲ့အမိန့်ကိုနာခံလို့ ထိုလူတွေကိုအမှန်တကယ် ကြောက်ရွံ့နေလို့တော့မဟုတ်ခဲ့ ဒီခန္ဓာကိုယ်ကို သူထိန်းချုပ်လို့မရသောကြောင့်သာ
ဘာတွေဖြစ်နေတာလဲ သူ့ရှေ့ကလူတွေကဘယ်သူတွေလဲ ဒါကရောဘယ်နေရာကြီးလဲ သူအိပ်နေတုန်းပြန်ပေးဆွဲခံလိုက်ရတာလား ဒါမှမဟုတ် ဒီခန္ဓာကိုယ်က ဘယ်သူ့ဟာလဲ
YOU ARE READING
𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓
Fanfiction💙 𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 ❤️ ရင်မှာသိုဝှက်ထားသမျှကို နှုတ်ခမ်းတွေက မဖွင့်ဟဘဲ အနမ်းကုဋေကုဠာနဲ့ သက်သေတည်မယ့်အစား နားနားကပ်လို့ တိုးတိုးလေးပြော... မင်းတောင့်တသမျှ ကိုယ်ဖြစ်စေမယ် Anton×Wonbin