စာတွေကဗျာတွေထဲကလိုသာ
ပိုချစ်ရတဲ့သူက အရှုံးဆိုရင်
အဆုံးရှုံးမခံနိုင်တဲ့ ကိုယ့်ဘက်ကပဲ
အမြဲရှုံးနိမ့်နေတော့မယ်ထင်တယ်မင်းလက်ဖဝါးလေးကိုမှ
ဆုပ်ကိုင်ခွင့်မရှိရင်
ဘဝမှာ ဘယ်အရာကိုမှ
မပိုင်ဆိုင်နိုင်သလိုပဲမင်းနှုတ်ခမ်းလေးတွေကိုသာ
နမ်းရှိုက်ခွင့်မရှိရင်လေရှင်သန်ခြင်းအဓိပ္ပါယ်
ပျောက်ဆုံးနေသလိုပါပဲ
🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷
မိုးစက်တွေအလား တဖွဲဖွဲကျနေပါတဲ့ အဖြူရောင်နှင်းမှုန်တွေက နဂိုအသက်မဲ့ပြီးသား လမိုက်ညရဲ့ သန်းခေါင်ယံကို လူသူကင်းမဲ့တဲ့တစပြင်အလား အေးတိအေးစက်နဲ့ အနွေးဓာတ်မဲ့အထီးကျန်ဆန်စေသည်
ထိုသို့သောအကျည်းတန်ဆောင်းညလယ်က တိတ်ဆိတ်ငြိမ်သက်နေပါတဲ့ ရဲတိုက်ကြီးရဲ့တခုသောအိပ်ဆောင်ဝယ်
အခန်းမှာနေသူက မအိပ်ခင်ပြတင်းတံခါးတွေပိတ်ဖို့မေ့ခဲ့တာမို့ နှင်းပွင့်တချို့တလေဟာ ဆောင်းလေနဲ့အတူလွင့်ပါလာပြီး အနားမှာချထားတဲ့ကြွေပန်အိုးထဲမှ အနီသွေးတဲ့နှင်းဆီရဲရဲတွေထက် အဖြူရောင်ဆေးစက်တွေသဖွယ် စွန်းထင်းကပ်ငြိကုန်တော့သည်
ခဏအကြာမှာတော့ ထိုဆေးစက်တွေဟာလည်း အခန်းအပူချိန်နဲ့ တစိမ့်စိမ့်အရည်ပျော်ကျပြီး ပွင့်ဖက်လွှာတွေထက်မှ အစိမ်းပုပ်ရောင်ဆူးချွန်နဲ့သစ်ရွက်တွေကြားကို ပုန်းလျှိုးပျောက်ကွယ်သွားလိမ့်မည်
ညဉ့်လေအေးကနောက်တခေါက်ဝေ့ဝဲလာခဲ့ပြီး အဖြူရောင်လိုက်ကာစတွေက တဖျပ်ဖျပ် ယိမ်းထိုးလှုပ်ရှားသွားကြချိန်မှာတော့ မြင့်မားတဲ့ အနက်ရောင်ပုံရိပ်တစ်ခုက အခန်းအတွင်းကိုရောက်ရှိနေပြီးဖြစ်သလို ပြတင်းတံခါးကလည်း ပိတ်ထားပြီးသားဖြစ်နေလျှက်သား
အခန်းထဲဝင်ရောက်လာသူက အလယ်မှာထီးထီးမားမားရှိနေတဲ့ နှစ်ယောက်အိပ်ခုတင်ကြီးဆီ ချဉ်းကပ်သွားပြီး အတွင်းကိုထိုးဖောက်မြင်နေရတဲ့ ငွေချည်အနားကွတ်ဇာပါးလေးကနေ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသူကို တိတ်တဆိတ်ငေးကြည့်နေခဲ့သည်
YOU ARE READING
𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓
أدب الهواة💙 𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 ❤️ ရင်မှာသိုဝှက်ထားသမျှကို နှုတ်ခမ်းတွေက မဖွင့်ဟဘဲ အနမ်းကုဋေကုဠာနဲ့ သက်သေတည်မယ့်အစား နားနားကပ်လို့ တိုးတိုးလေးပြော... မင်းတောင့်တသမျှ ကိုယ်ဖြစ်စေမယ် Anton×Wonbin