ကိုယ်က မင်းရဲ့
မိုးကောင်းကင်ကြီးမှမဖြစ်နိုင်ရင်လည်း
မြေပြင်အမှတ်နဲ့သာ
နင်းလျှောက်သွားလိုက်ပါတော့မင်းရဲ့အရာရာမှမဟုတ်ရင်
တန်ဖိုးထားအပ်တဲ့ ဘယ်လိုအရာမှ
ကိုယ်မဖြစ်လိုတာကြောင့်
.
.
.
.
.
.
.
.
.
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊အနောက်အရပ်မှာ နေဝင်ခဲ့ပြီ
ပတ်ဝန်းကျင်က မှောင်ရီပျိုးစပြုလာပြီး ကမ်းအလွန်က နက်ပြာရောင်ကောင်းကင်မှာ တခြမ်းပဲ့လတောင် ထွန်းလင်းစပြုပြီပင်။
ကျွန်းမကြီးနဲ့အတော်လေးလှမ်းသည့် လူသိနည်းသည့် ဤကျွန်းငယ်လေးအလယ်မှာ ထီးထီးမားမားတည်ရှိနေသည်ကတော့ ညို့မှိုင်းတဲ့တောအုပ်ကိုအကာအရံပြုလို့ ကျောက်သားနဲ့တည်ဆောက်ထားသည့် အဖြူရောင်စံအိမ်တော်တစ်ခု ။ တည်ဆောက်ထားသည့်ပုံစံကြောင့်သာမဟုတ်ရင် နန်းတော်တစ်ခုဟုဆိုရလောက်အောင်ထည်ဝါတဲ့ စံအိမ်တော်၏ မြောက်ဘက်အစွန်ဆုံးက အခန်းမီးတွေမှိတ်ထားသည့် အပေါ်ဆုံးအခန်းမှာတော့ အမျိုးသားတစ်ဦးက ပြတင်းဘောင်ကို ကိုယ်တစောင်းမှီကာ အမှောင်ရစ်သိုင်းလာတဲ့အပြင်ဘက်ကောင်းကင်ကို ငေးရင်း အတွေးနွံမှာနစ်မျောနေဟန်ရှိသည်။
ပင်လယ်ပြင်ကိုဖြတ်သန်းလာသည့် ဉာဉ့်လေအေးက ပြတင်းလိုက်ကာပါးလျလျတွေကိုဖြတ်ပြီး အခန်းတွင်းကိုတိုးဝှေ့တိုက်ခတ်လာတဲ့အခါ ထိုသူ့ရဲ့ပုခုံးထိလုထိခင်ဆံနွယ်ရှည်တွေဟာ လေနဲ့အတူ လွင့်ပါလို့ ဝတ်ထားတဲ့ ဖြူလွှလွှအင်္ကျီအနားစတွေဟာလည်း တဖြတ်ဖြတ်လှုပ်ရှားသွားလျှက်
စိန်နဲ့ငှက်မွှေးအချို့တန်ဆာဆင်တားတဲ့အဖြူရောင်မျက်နှာဖုံးအောက်က ညို့ငင်နိုင်စွမ်းတဲ့မျက်ဝန်းတစုံဟာ အမှောင်ထဲမှာတောင် တောက်ပနေမြဲ။ ဖြောင့်စင်းတဲ့နှာတံနဲ့ မိန်းကလေးတွေတောင်သမင်လည်ပြန်ငေးလောက်စရာ အထူအပါးညီညာပြီး သွေးရောင်လွှမ်းတဲ့နှုတ်ခမ်းပါးတွေ ၊
ပြစ်မျိုးမှဲမထင်သည့်အလှတရားကား ရှုမဝဘဲအသက်ရှူမှားလောက်စရာ"ဒေါက် ဒေါက် ဒေါက်"
အခန်းအပြင်ဘက်မှ တံခါးခေါက်သံတခုထွက်ပေါ်လာသည်
YOU ARE READING
𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓
Fanfiction💙 𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 ❤️ ရင်မှာသိုဝှက်ထားသမျှကို နှုတ်ခမ်းတွေက မဖွင့်ဟဘဲ အနမ်းကုဋေကုဠာနဲ့ သက်သေတည်မယ့်အစား နားနားကပ်လို့ တိုးတိုးလေးပြော... မင်းတောင့်တသမျှ ကိုယ်ဖြစ်စေမယ် Anton×Wonbin