You Call it Madness

722 24 1
                                    


ကျိန်စာသင့်နှလုံးသားရဲ့
အသက်မဲ့ ရင်ခုန်သံတွေကို
ကိုယ်က 'အချစ်'လို့
အနက်အဓိပ္ပါယ်ဖွင့်တော့

မိုက်ရူးရဲဆန်ခြင်း ရယ်လို့
လှောင်ပြုံးတပွင့်နဲ့
မင်း ဟားတိုက်ခဲ့တယ်လေ

.
.
.
.
.
.
.
.
.

🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸

"လွှတ်ထားလိုက်စမ်းပါ ဘယ်လောက်ပြေးပြေးလွတ်မှာမှမဟုတ်တာ"

နောက်ကျောဘက်ဆီမှ ကဲ့ရဲ့လှောင်ပြောင်သံတွေကို မသိကျိုးကျွန်ပြုကာ ပိန်းပိတ်မှောင်နေသည့် ကျောက်သားနံရံတလျှောက် မရေမတွက်နိုင်သည့်လှေကားထစ်များစွာကိုပြေးတက်ခဲ့ရင်း ‌အလင်းဖြာထွက်‌နေတာကြောင့် မသဲမကွဲမြင်နေရသည့် တံခါးမကြီးတစ်ခုရှေ့မှာ လမ်းက အဆုံးသတ်သွားခဲ့သည်။

ဒါဟာသေချာပေါက် အပြင်ကိုထွက်တဲ့တံခါးဖြစ်မယ်ဆိုတဲ့အတွေးနဲ့ တုံ့ဆိုင်းမနေဘဲ တံခါးနှစ်ချပ်ကိုတွန်းဖွင့်ပြီး ဘာမှန်းမသိတဲ့ နေရာကိုပြေးဝင်လိုက်သည့်တခဏ အဖြူရောင်အလင်းကြောင့် သူ့ခေါင်းတွေချာချာလည်သွားပြီး မျက်လုံးတွေပါပြာဝေသွားသလို တုံ့ပြန်ချိန်လည်းမရလိုက်တာမို့ အရှိန်နဲ့ပြေးနေတဲ့ ကိုယ့်ခြေထောက်ကိုယ် မရပ်တန့်လိုက်နိုင်ဘဲ  သူ့ခြေထောက်တွေက လေဟာနယ်ထဲရောက်သွားခဲ့ပြီး ရင်ထဲမှာ ဟာခနဲ

သူရောက်နေတဲ့နေရာဟာ ဤအဆောက်အဦး၏အပေါ်ဆုံးထပ်ဖြစ်ပုံရပြီး ထိုတံခါးရဲ့နောက်မှာကား တမျှော်တခေါ်လှမ်းမြင်နေရတဲ့တောအုပ်တွေနှင့်  နှင်းအတိဖုံးလွှမ်းနေသည့်တောင်တန်းများစွာနဲ့အတူ အရာရာဟာ အဖြူရောင်ဟင်းလင်းပြင်ကြီးသာ။ ဤတံခါးက သူ့လိုမျိုး ထွက်ပြေးဖို့ကြိုးစားသူတွေအတွက် ထောင်ချောက်တစ်ခုပင်။ အရှုံးမပေးနိုင်တဲ့ ခေါင်းမာမှုတွေနဲ့ မှီလုမှီရာ နံရံမှာတွယ်တက်နေတဲ့ပန်းနွယ်တွေကိုကြိုးစားလှမ်းဆွဲကြည့်ပေမယ့် လက်မောင်းကအတွင်းကြေဒဏ်ရာကြောင့် အချည်းနှီးသာ။

ပတ်ဝန်းကျင်တစ်ခွင်လုံးအုံ့မှိုင်းနေပြီး အေးမြလှသည့် ဆောင်းလတစ်ရက်မှာ အဖြူရောင်နှင်းမိုးတွေက တဖွဲဖွဲကျလို့ သစ်ရွက်စိမ်းအချို့နဲ့ ပန်းပွင့်လွှာတွေက လေမှာပြန့်ကျဲရင်း ထိုအစွန်းကနေအရှိန်မထိန်းနိုင်ဘဲ ဝန်ဘင်းပြုတ်ကျခဲ့သည် ။
မတတ်သာသည့်အဆုံး မျက်စိစုံမှိတ်ပြီးခေါင်းကိုကာကာ အသင့်ပြင်ထားယုံသာတတ်နိုင်လိုက်သည်။

𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓Where stories live. Discover now