Apple of My Eye

372 19 2
                                    


ကြယ်စင်ပျောက်တဲ့
အလင်းမဲ့ညတွေမှာ

သန်းခေါင်ကျော်ညဉ့်နက်ထိ
အိပ်ရေးပျက်ရတဲ့အခါ

မင်းရဲ့ချစ်သူချော့တေးနဲ့
ကိုယ့်ကိုထွေးဖက်ချော့မြှူလို့

တမှေးအိပ်စက်ခွင့်ပြုပါလား



💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

သစ်ပင်ကြီးငယ်တွေနဲ့အုပ်ဆိုင်းနေတဲ့ တောအုပ်တစ်နေရာ၊ တသွင်သွင်စီးဆင်းနေတဲ့ ရေတံခွန်တလျှောက်အတိုင်း ပုံမှန်ထက်အရွယ်အစားအတော်ကြီးတဲ့ ဝံပုလွေတကောင်က လျှင်မြင်စွာပြေးလွှားသွားနေသည်။

ပြေးတဲ့အရှိန်က မြန်ဆန်လွန်းတာကြောင့် အရိပ်ကလေးလိုသာမြင်နေရတဲ့ ထိုဝံပုလွေရဲ့
တကိုယ်လုံးဟာ ဆွတ်ဆွတ်ဖြူနေရုံမက အဖျားကော့ညွတ်တဲ့ခရမ်းနုရောင်မျက်ဝန်းတွေမှာ မျက်တောင်လေးတွေကပါ ငွေဖြူရောင်သမ်းနေပြီး
နဖူးအလည်တည့်တည့်မှာဖြင့် လခြမ်းသဏ္ဍာန် တလက်လက်တောက်နေတဲ့အမှတ်အသားတစ်ခုရှိသည်

လပြည့်လကွယ်ညတွေမှာ ဝံပုလွေတွေမြူးတူးလေ့ရှိသည်။ ဝန်ဘင်းလည်းမနေ့ညက ဝံပုလွေအသွင်နဲ့အမဲလိုက်ဖို့ပြင်ထားတာပင်၊
ဟိုလူနဲ့စကားပြောပြီး ကိုယ့်အခန်းပြန်ရောက်မှ သီချင်းညည်းသံတစ်ခုကိုကြားပြီးဘယ်လိုလုပ်အိပ်ပျော်သွားမှန်းမသိလိုက်

ထိုအသံက အခုသူသွားနေတဲ့ဘက်ကနေလာခဲ့တာ၊ တယောကြီးသံနဲ့ခပ်ဆင်ဆင်တူပြီး နားဝင်ပီယံတင့်စေတဲ့ ရင်ဖိုလှိုက်မောဖွယ်တေးသွားက လျှို့ဝှက်ဆန်းကျယ်တဲ့ မျက်ဝန်းပြာတွေကို သတိရလာစေသည်။ သူ့တကိုယ်လုံးဟာငြိမ်သက်အေးချမ်းတဲ့ အပြာရောင်ပင်လယ်ပြင်မှာ နစ်မျောနေရသလိုမျိုး အပူအပင်ကင်းကင်းနဲ့ကို အိပ်ပျော်သွားခဲ့တာ

အဲ့နောက်ဒီနေ့မနက်မှာတော့ ပထဆုံးအကြိမ်အဖြစ် အိမ်မက်ကနေ ခြောက်ခြားစရာတွေမပါဘဲနိုးထလာရသည်၊ လူ့စိတ်ကိုညှို့စားနိုင်တယ်ဆိုကတည်းက ထိုတေးသွားက ဘာလဲဆိုတာ ဝန်ဘင်းရိပ်စားမိသည်၊ သူနားမလည်တာက သူတို့နေရာက ပင်လယ်ပတ်ပတ်လည်ဝန်းရံထားရင်တောင် ဘယ်တုန်းကမှ ရေသူမတွေအမဲလိုက်ဖို့ပေါ်မလာဖူးပေ

𝑾𝒉𝒊𝒔𝒑𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓Where stories live. Discover now