🎼🎼🎼 မလွန်ဆန်နိုင် နှလုံးသားထဲရစ်နှောင်နွယ်...
ပတ်လို့ဖြင့်ထားတော့လည်း တွေးခက်တယ် သံယောဇဉ်
ငယ်ရွယ်သူဖြစ်တော့လည်း ချစ်တာဘဲ ဦးစားပေးချစ်နေမယ် တွေးခက်တယ်ဇာတ်လမ်းမှာ...
ကြားလူတွေ.... ဖြတ်လို့တော့ နောက်မဆုတ်ဘူး စမိတဲ့အချစ်တွေကို .....
ရုတ်သိမ်းဖို့ မတောင်းဆိုနဲ့.... ငါ့အသိထဲ မင်းတစ်ယောက်ထဲငှဲညှာမယ်
တို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး ဖျတ်သိမ်းဖို့မတောင်းဆိုနဲ့ ငါဘယ်သူမှဂရုမစိုက်နိုင်
ရင်ခွင်မှာ...မှာ...🎼🎼🎼
"ဟဲ့ ကမ္ဘာ ဘာလုပ်နေလဲ မြန်မြန်လာခဲ့စမ်း"
"ဗျာ အန်တီလေး သားကိုဘာခိုင်းစရာရှိလို့လဲ"
"အေး နင့်ေ-ာက်သီချင်းတွေကိုဘဲ ညီးမနေနဲ့ ငါလုပ်ခိုင်းထားတဲ့ အလုပ်တွေအကုန်ပီးပီးလား"
"ဟုတ် ဟုတ်ပီးပါပီး အန်တီလေး သားအကုန်လုပ်ပေးပီးပါပီ"
"အေး အဲ့တာဆို ပီးရော သွားတော့ "
"ဟဲ့ ခဏနေအုံး ရော့ ဒီမှာ နင်ရဲ့တစ်လတာ အသုံးစရိတ်လောက်အောင်သုံး"ဆိုကာ ဒေါ်မျိုးမြတ်သီတာ တစ်သောင်းတန်သုံးရွက်ကို ထိုကောင်လေးအား ပစ်ပေးလိုက်သည်။
မုန်းကမ္ဘာငယ် သူ့ကို ပစ်ပေးလိုက်တဲ့ ပိုက်ဆံကို တစ်ရွက်ချင်းဆီကောက်ယူကာ သူနေထိုင်ရာ စတိုးခန်းကျဉ်းလေးထဲသို့ ၀င်သွားသည်။
မုန်းကမ္ဘာငယ်ဆိုသည့် ကောင်လေးဟာအသက်20 အရွယ်လို့တောင် မထင်ရသည့်တိုင် အလွန်ကို သေးညှပ်လွန်းသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။သူ့ဘ၀ဟာ တစ်ဦးတည်းသောသားဖြစ်တာကြောင့် ငယ်စဉ်က လူချစ်လူခင်ပေါများစွာ နဲ့ ချမ်းသာစွာနေခဲ့ရသလို လူကြောက်တက်သည့်ကောင်လေးတစ်ယောက်ဖြစ်သည်။ မမြင်ရတဲ့ ကံကြမ္မာဆိုးတစ်ခုကြောင့် အသက် ဆယ့်ခြောက်နှစ်အရွယ်မှာတော့ မိဘနှစ်ပါးစလုံး ကား အက်စီးဒန့်တစ်ခုကြောင့် ဆုံးပါသွားခဲ့ရသည်။ထိုကား အင်ဆီးဒန်ဟာ ထင်သလောက်မရိုးရှင်းခဲ့ပေ။ကမ္ဘာငယ်လေးအတွက် ကံဆိုးမှု ရဲ့အစလို့ပြောရလောက်အောင် ကမ္ဘာရဲ့ဘ၀ထဲကို ၀င်ရောက်လာခဲ့တဲ့ ကမ္ဘာ့ဦးလေးမိသာစုပင်ဖြစ်သည်။အများရှေ့တွင် ကမ္ဘာ့ကို အလွန်ကို သနားသလိုလိုနဲ့ နောက်ကွယ်တွင် နည်းမျိုးစုံဖြင့် နှိက်စက်လေ့ရှိသည့် ကမ္ဘာ့ဦလေးရဲ့ ဇနီးဖြစ်သူ ဒေါ်မျိုးမြတ်သီတာပင်ဖြစ်သည်။ ထို့အကြောင်းတွေကို လူရိုးကြီးတစ်လှည့်ဖြစ်တဲ့ ဦးလေးဖြစ်သူကတော့ ကမ္ဘာ မိဘတွေနဲ့ ကမ္ဘာ့ပိုင်ဆိုင်မှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် Companyကိစ္စတွေနဲ့ လုံးပန်းနေရတာကြောင့် ကမ္ဘာ့ကို သေချာမစောင့်ရှောက်နိုင်ပေ။ဦးမာန်ထက်မော်ဟာ လောဘကြီးသည့် ဇနီးသည်ရဲ့ အကောက်ကြံမှုကြောင့် ဆေးရုံတွင် ကိုမာအနေအထားဖြင့်သာ နေနေရသည်မှာ နှစ်နှစ်ကျော်သုံးနှစ်နီးပါရှိနေပီဖြစ်သည်။ထိုအကြောင်းတွေကို ဒေါ်မျိုးမြတ်သီတာ တစ်ဦးသာသိသည်။
YOU ARE READING
Rewrite Our Destiny
Romanceမုန်းကမ္ဘာငယ် အတိတ်ကမောင့်ကို မမုန်းရက်ခဲ့သလို အခုလည်း မောင့်ကိုမမုန်းနိုင်ဘူး။ အတ္တလွှမ်းရောင် အတိတ်က ငယ့်ကိုနာကျင်အောင် လုပ်ခဲ့မိသလို အခုချိန်မှာလည်း ငယ့်ကိုနာကျင်စေမိတယ် ဒါပေမဲ့ ငယ့်ကိုနာကျင်စေခဲ့သမျှကို မောင်ကပျော်ရွှင်ခြင်းတွေနဲ့ အစားထိုးပေး...