Part 2(Uni)

559 28 3
                                    

"မောင် မင်းငါ့ကိုမထားခဲ့ပါနဲ့  မင်းထွက်သွားလို့မရသေးဘူးလေ....မောင်......အီးဟီး...ရွှတ် မောင်...မောင်...ငါ...ငါ...ပြောနေတယ်လေ ထပါအုံး အား....မောင်...."

"ငယ်.....ဟူး...."

လွှမ်းရောင် အခုတလော အဆက်ဆက်မရှိတဲ့ အိမ်မက်တွေမက်လာပြန်သည်။သူ့ကို အိမ်မက်ထဲမှာ မောင်လို့ခေါ်တက်သည့် ကောင်လေးက သူထက်အသက်ကြီးဟန် တူသည်။ထိုသူက ဆေးရုံတစ်ခုမှာ လူတစ်ယောက်ကို ဖတ်ကာငိုယိုနေသည်။ထိုသူ ငိုတာကိုကြည့်ပီး လွှမ်းရောင်ပါ ရောပီးငိုချင်လာသလို ရင်ဘက်ထဲ၌လည်း တင်းကြပ်ပီး နှလုံးသားတစ်ခုလုံးကို ဓားနဲထိုးစိုက်လိုက်သလို နာကျင်နေသည်။ထိုကောင်လေးရဲ့ မျက်နှာကိုတစ်ခါမှ သေချာမမြင်ခဲ့ဖူးဘူး မြင်မိရင်တောင် မမှတ်မိတာများသည်။ထိုသူလှည့် ကြည့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရသည့်မျက်နှာက သူ့ရင်ဘက်တစ်ခုလုံးကို ဆွဲစုတ်ထားသလိုခံစားရပီး အနှစ်နှစ်ဆယ်ကြာမှ သဲကွဲစွာမြင်လိုက်ရသည့်သူက တစ်နေ့ကညစာစားပွဲမှာ တွေ့ခဲ့ရသည့် ငယ်ဆိုသည့်လူသားလေးပင် ဖြစ်သည်။

"ဟူးးးးညစာစားပွဲတုန်းက ကလေးလေးကို စိတ်စွဲသွားလို့နေမှာပါ"

လွှမ်းရောင် ကုတင်ဘေးကနာရီကို အကြည့်ရောက်မိတော့ မနက်ငါးနာရီသာရှိနေသေးသည်။သို့ပေမယ့် ပြန်အိပ်လျှင်လည်း အိပ်မပျော်တော့မယ့်အတူ အိပ်ယာကထကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့သာ ၀င်လိုက်သည်။

လွှမ်းရောင် ကိုယ်လက်သန့်စင်ပီး အ၀တ်လဲခန်းထဲ၀င်ကာ အားကစား၀တ်စုံတစ်စုံကို လဲပီး မနက်ပိုင်း ခြံထဲမှာ လေ့ကျင့်ခန်းလုပ်ရန် အပေါ်ထပ်မှ ဆင်းလာခဲ့သည်။လွှမ်းရောင် အပေါ်ထပ်ကနေ ဆင်းလာသောအခါ စံအိမ်ရှိအလုပ်သမားဟာလည်း သူ့လုပ်ကိုသူကျေပွန်အောင်ထမ်းဆောင်နေကြသည်။ခြံထဲရောက်တော့ ဂိုဏ်းသားများ မနက်ပိုင်းလေ့ကျင့်ရေး ဆင်းနေတာကို တွေ့ရပီး လွှမ်းရောင်ကို လေ့ကျင့်ရေးကွင်းထဲ ၀င်လာတာကိုမြင်ကြသောအခါ ဂိုဏ်းသားအားလုံးက အရိုအသေပေးကြသည်။

"ကိုယ့်အလုပ်ကို ဆက်လုပ်ကြ ပီးရင် ဒီနေ့အတွက်ခိုင်းထားတာတွေကို မမေ့နဲ့ "ဆိုပီး ထွက်သွားတဲ့ သူတို့ရဲ့ ခေါင်းဆောင်ရဲ့အမိန့်အတိုင်း ဂိုဏ်သားတွေအားလုံး လေ့ကျင့်ရေးကိုသာဆက်လုပ်ကြသည်။ လွမ်းရောင်ကတော့ စံအိမ်ရဲ့ အနောက်ဘက်မှာ သီးသန့်ဆောက်ထားသည့် အဆောက်အဦးထဲမှာမှ သူရဲ့ Gymခန်းကိုသာ ထွက်သွားသည်။

Rewrite Our Destiny Where stories live. Discover now