"မေမေ....."
"ဘာလို့... ဘာလို့လဲ...မေမေ...ဘာလို့လောဘတွေကြီးနေရတာလဲ...."
"အို...ညည်းတို့ညီမနှစ်ယောက်အတွက် ငါလုပ်သင့်တာကိုလုပ်ရတာဘဲ ဘာမှ၀င်ပြီးလျှာမရှည်နဲ့ ကြားလားသန္တာ..."
မေမေ့စကားတွေကြောင့် သန္တာတစ်ယောက်၀မ်းနည်းစွာ မျက်ရည်တွေကျနေရပေမယ့် မေမေ့ရဲ့စကားတွေကို သန္တာလည်းမလွန်ဆန်ရဲသလို သူတို့ညီမနှစ်ယောက်ကြောင့် ဒုက္ခရောက်တော့မည့် မောင်ငယ်လေးကိုသနားမိသည်။
သိပ်မကြာခင်က မေမေ့မိတ်ဆွေတစ်ယောက်ရဲ့ အသိဟာ မောင်ငယ်လေးကိုမြင်မြင်ချင်းမျက်စိကျခဲ့တာကြောင့် မေမေ့ဆီမှာ သိန်းတစ်သောင်းဖြင့်တင်တောင်းလာသည်ကြောင့် မေမေဟာလက်ခံလိုက်သည်။မေမေလက်ခံလိုက်ရသည့် အကြောင်းအရင်းတွေဟာလည်း ဦးခင်မောင်ဆွေဆိုသည့် လူကြီးဆီကအကြွေးတွေကိုပြန်မဆပ်နိုင်ခဲ့လျှင် သူမတို့ညီမနှစ်ယောက်ထဲတစ်ယောက်ဟာထိုလူကြီးနှင့် လက်ထပ်ရမည်ဆိုးတာကြောင့် အခုလိုလုပ်လိုက်ရချင်းဖြစ်သည်ဟုပြောခဲ့ပေမယ့် သန္တာကတော့ မောင်ငယ်လေးကိုသာ ပိုပြီးသနားမိသည်။
ဒေါ်မျိုးမြတ် သူမရဲ့သမီးကြီးကိုမှန်တစ်၀က်မှားတစ်၀က်သာပြောခဲ့သည်။တကယ်တော့ ဂြိုလ်ဆိုးကောင်ကို တောင်းရမ်းတာထက် သူမဟာချမ်းသာသည့် သူဌေးတစ်ဦးဆီကို လိင်ကျွန်အဖြစ်ရောင်းစားလိုက်ချင်းပင်။ထိုဂြိုလ်ဆိုးကောင်ကို သိန်းလေးသောင်းပေးကာ၀ယ်သည့်သူဟာလည်း ငွေရှိရေလျှံသည့်သူဖြစ်သည်။သူနဲ့ပျော်ပါးလို့၀တဲ့အချိန်ကျထိုလူကစွန့်ပစ်လိုက်လည်း သူမအတွက်တော့ ပိုက်ဆံရပြီးသားဖြစ်တဲ့အတွက်ကြောင့် ကိစ္စတော့မရှိပေ။ဒေါ်မျိုးမြတ်ရဲ့ ယုတ်မာလှသည့်အကြံကို မသိရှာတဲ့ကမ္ဘာငယ်လေးဟာတော့ ပန်းပင်ဝွေကြားထဲမှာပျော်ရွှင်စွာဖြင့် ပန်းစည်းတွေစည်းနေလေသည်။
.......
"အန်တီလေး စိတ်တိုင်းကျဖြစ်စေရပါမယ်..."
"ကောင်းပြီလေနင် နောက်တစ်ပတ်အလုပ်သွားစရာမလိုဘူး ဟိုမှာတင်ထားတဲ့အင်္ကျီနဲ့ပုဆိုးကိုယူသွား နောက်တစ်ပတ်လက်မှတ်ထိုးရင်၀တ်ဖို့အတွက်...."
YOU ARE READING
Rewrite Our Destiny
Romanceမုန်းကမ္ဘာငယ် အတိတ်ကမောင့်ကို မမုန်းရက်ခဲ့သလို အခုလည်း မောင့်ကိုမမုန်းနိုင်ဘူး။ အတ္တလွှမ်းရောင် အတိတ်က ငယ့်ကိုနာကျင်အောင် လုပ်ခဲ့မိသလို အခုချိန်မှာလည်း ငယ့်ကိုနာကျင်စေမိတယ် ဒါပေမဲ့ ငယ့်ကိုနာကျင်စေခဲ့သမျှကို မောင်ကပျော်ရွှင်ခြင်းတွေနဲ့ အစားထိုးပေး...