Ep.4

18.6K 349 20
                                    

သူမအခန်းထဲရောက်တာနဲ့ ခြေထောက်တွေပင်ခွေကျလာကာ အံ့ကြိတ်ငိုနေမိ့သည်။ ခဏခဏငိုနေရတာကြောင့် မျက်နှာတစ်ခုလုံးပင် ဖူးယောင်နေတော့သည်။

'ရက်စက်လိုက်တာ ဟန်ရယ် ဖူး မျက်ရည်ကျတာ ဘယ်လောက်များများမြင်ရမှ ဟန် ကျေနပ်မှာလဲ'

'ဟင်' ခုမှ သူမကိုယ် သူမ ကြည့်မိ့မှ အကျီပြောင်းပြန်ကြီး။ အင်္ကျီပြန်ပြင်ဝတ်ပြီးနောက် အယောင်ယောင်အမှားမှားနှင့် ဟန်မထိနှင့်ဟုဆိုထားသော ဘီဒိုကို ထပ်ဖွင့်မိ့သွားပြန်သည်။

'အာ ဟုတ်သား ငါ့အင်္ကျီတွေက လက်ဆွဲအိတ်ထဲမှာဘဲ'

သူမရှေ့ လျောချလာတဲ့ ဖိုင်တစ်စုံ။ သိချင်စိတ်နှင့် ဖွင့်ဖတ်ကြည့်တော့ ကွာရှင်းစာချုပ်။ လက်မှတ်က ဟန့်အမေ တယောက်ထဲ ထိုးထားတာဖြစ်ပြီး ဟန့်အဖေက မထိုးထား။

'ကြိုကွာရှင်းပေးခဲ့တာလား ဒီဟာ ဟန်သိ့ပြီးပြီလား ဒါမှမဟုတ် သွားပြ မဟုတ်သေးဘူး ဒါ ငါ့ကိစ္စမှမဟုတ်တာ ဟန်မြင်ပြီးသားဖြစ်လို့ သိမ်းထားတာနေမယ်'

ကိုယ့်နှင့်မဆိုင်သလို ပြန်သိမ်းပေးပြီး ဘီဒို တံခါးကို သေချာပိတ်လိုက်သည်။ ထိုအရာက သူမတို့နှစ်ယောက်ကိုအစွန်းရောက် ရန်သူဖြစ်သွားစေမဲ့ အရာဆိုတာ သူမ မသိ့ခဲ့လေ။

အိပ်ရာသစ် နေရာသစ်ဖြစ်နေလို့ အိပ်မရတာရယ် ဘေးအခန်းမှာ သူမ သဘောကျရတဲ့ အမျိုးသားရှိတာကြောင့်ရယ်
တညလုံး သူမ လူးလှိမ့်နေကာ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။

အရာအားလုံး ပုံမှန်ပါဘဲ သူမ ဒီမိသားစုထဲ ဝင်လာသည် ဖြစ်စေ မဝင်လာသည်ဖြစ်စေ သူမဟာ တယောက်ထဲ ငြိမ်းချမ်းနေခဲ့၏။ ပြတင်းပေါက်က ဖြတ်သန်းပြီး ဝင်လာတဲ့နေရောင်ခြည် သူမ မျက်နှာပေါ်တိုက်ရိုက်ကျလာသည့်နှင့် မျက်ခုံးအနည်းငယ် ရှုံ့သွားသည်။

ဖြေးညှင်းစွာ ဖွင့်လိုက်တဲ့ မျက်တောင်ရှည်တွေကြား အိမ်အသစ်ရဲ့ ပထမဆုံး မနက်ကို ခံစားရသည်။ သို့ပေမဲ့ ဟန်အကြောင်းတွေးမိ့ကာ ပြုံးယောင်သန်းနေတဲ့ သူမ မျက်နှာက ပြန်တည်သွားသည်။

'အွန်း.....' ခပ်ရှည်ရှည် အပျင်းကြော ဆွဲဆန့်ပြီးနောက် သူမ အိပ်ယာက ထလိုက်သည်။ရေချိုးခန်းထဲ ဟန့်ကိုမတွေ့တာကြောင့် အိပ်တုန်းထင်တယ်ဟု တွေးကာ လုပ်စရာရှိတာ ခပ်သွက်သွက်လုပ်ပြီး ပြန်ထွက်လာလိုက်သည်။

Step-Brother Become My Husband (R18)Where stories live. Discover now