ရေချိုးတာ ၁နာရီမက သူမ ထွက်မလာသေးတာကြောင့်
ဟန်ဘုန်းခန့် ခြေမငြိမ် လက်မငြိမ်ဖစ်လာသည်။
မစောင့်နိုင်တဲ့အဆုံး ရေချိုးခန်း တံခါးကို ဆောင့်တွန်းကာ
'မင်း... သေချင်...'ဗလာကျင်းဖြစ်နေတဲ့ ရေချိုးခန်းက အထီးကျန်သလို..
အနည်းငယ် အံ့ဩသွားပေမဲ့ ပူပန်မှုက ကပ်ပါလာကာ ခြေလှမ်းတွေက သူမ အခန်းဆီ။'ငါ့ဒေါသကို...'
မီးရောင်တောင် မရှိတဲ့ အခန်းက ဟန့်ကို တုန်လှုပ်သွားစေသည်။ချောင်ကပ်ငိုနေမဲ့ ခလေးမလည်း မဟုတ်တာကြောင့် အောက်ထပ်မှာ ဆက်ရှာဖို့ သူဆင်းလာသည်။
တစ်အိမ်လုံး ရှာကြည့်ပြီးနောက် သူ စိတ်ပျက်သွားတော့သည်။ ဒီကောင်မလေး သူအော်လိုက်တာကြောင့် တားဆေး သွားဝယ်တာလား သူတွေးမိ့သည်။ ဖုန်းဆက်ဖို့ရန်အတွက် ဟန့်မှာ သူမ ဖုန်းနံပါတ်ရှိမနေ။ နောက်ဆုံး စောင့်ရတဲ့နေရာမှာ စိတ်မရှည်တဲ့သူကဘဲ သူမကို ထိုင်စောင့်နေတော့သည်။_________________________
နံနက်အချိန်အားဖြင့် ၅နာရီခွဲ ငှက်သံတွေနှင့် အတူ သူမနိုးလာသည်။ ဟန့်အဖေနှင့် စကားပြောနေရာမှ သူမပင်ပန်းလို့ အိပ်ပျော်သွားခဲ့လေရာ သူမအပေါ် နေရာယူထားသော ဟန့်အဖေအင်္ကျီက သူမမွေးလာကတည်းက ဖခင်မေတ္တာမရဖူးသော သူမအတွက် ဖခင်မေတ္တာကို ဖော်ပြနေသည်။
သူမရှေ့မှာ မေမေ့လက်ကို ဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့ ဟန့်ဖေဖေ့ကို သူမ မလေးစားဘဲ မချစ်ခင်ဘဲ မနေနိုင် ။ သွေးကင်ဆာသည် သူမ မိခင်ကိုတောင် တာဝန်ယူရဲတဲ့ ဟန့်ဖေဖေ့ဟာ သူမအတွက် သူရဲကောင်းအလား။
_______________________________
တရေးမှ မအိပ်ရသေးပေမဲ့ သူမကို တခဏ မြင်တွေ့ခဲ့ရတာဟာ သူ့အတွက် အလိုလို အားရှိနေသလို Evan ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ရင်း မတ်တပ်ထရပ်ကာ
'ကောင်းပြီလေ Anna မင်းက ကစားချင်နေမှ ကိုယ်လည်း ကစားပေးရတာပေါ့ သေချာပေါက် မင်းတို့ မိသားစု သွေးသားကို ရအောင် လုပ်ယူပြမယ်'မီးဖိုချောင်ဘက် ဖြတ်မလျှောက်ခင် ဧည့်ခန်း၌
magazineဖတ်နေတဲ့ Annaကို သူမြင်လိုက်သည်။
လှပပြီး ဂုဏ်သရေရှိ အမျိုးသမီးတယောက် ဖြစ်လေရဲ့အတွေးထဲ အကြံဆိုးတွေသာရှိသော Annaကို သူ သနားလာသည်။
KAMU SEDANG MEMBACA
Step-Brother Become My Husband (R18)
Romansaမင်းက ရွံ့စရာ သတ္တဝါလေးဘဲ (ဟန်ဘုန်းခန့်) မြင်မြင်ချင်း ချစ်မိ့တာ ကျမ အပြစ်လား (ဖူး) မင်းက ရွံ့စရာ သတ္တဝါလေးဘဲ (ဟန်ဘုန်းခန့်) မြင်မြင်ချင်း ချစ်မိ့တာ ကျမ အပြစ်လား (ဖူး) Mature on