Ep.1

47.4K 424 31
                                    

'အမေစိတ်ချမ်းသာမယ် ထင်ရင် လုပ်ပါ သမီး ခွင့်ပြုတယ်'
မိခင် ဖစ်သူက သမီးဖစ်သူလက်ကို ဆုပ်ကိုင်ရင်း ကျေးဇူးတွေတင်နေတော့သည်။

'ဒီနေ့ သူလာခေါ်လိမ့်မယ် သမီး အမေတို့ အဝတ်တွေ ထည့်ထားရအောင်' အမေစကားကို နားထောင်ရင်း သူမအဝတ်စားတွေ ဘီဒိုထဲကနေတဆင့် ခရီးဆောင်အိတ်ထဲထည့်နေသည်။ခဏကြာ အမေယူလိုက်တဲ့ ယောက်ျား သူမ ပထွေးဖြစ်သူ လာခေါ်တာနှင့် သူမ သားမိ့ အတူလိုက်လာခဲ့သည်။ ပထွေးဖြစ်သူအိမ်က သာမန် နှစ်ထပ်အိမ်လေး ခြံနဲ့ဝန်းနဲ့မဟုတ်ပေမဲ့ သပ်သပ်ရပ်ရပ်ရှိသည်။

အိမ်ထဲ စဝင်တာနဲ့ သူမတို့ သားမိ့ကို ရန်သူကဲ့သို့ကြည့်နေတဲ့ ဟန်ဘုန်းခန့် ။

'ကျနော် လက်မခံဘူး အဖေ အမေဆုံးတာ ၂လနော် ၂လဘဲရှိသေးတာ ဒီအဆင့်မရှိတဲ့ သားမိ့ကို ကျနော်လက်မခံဘူး'ထိုင်နေရာက ထလာပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာပြောနေတဲ့ သူ့အရှိန်ဝါက သူမတောင်ကြောက်လာသည်။

'မင်း စကားကို ပြန်ပြင်ပြောလိုက်စမ်း'

'တော်ပါတော့ ရှင်ရယ် သွေးအေးမှ ဆက်ပြောရအောင်လေ သမီးလေးလည်း ပင်ပန်းနေပြီ သူနေဖို့အခန်းလေးပြပေးပါအုံး'

'သားအခန်းဘေးမှာ အရင်က သူ့အမေနေခဲ့တဲ့ အခန်းရှိတယ်  အဲ့မှာ သမီးလေးကိုနေခိုင်းလိုက်မယ်'

ဟန်ဘုန်းခန့် စိတ်ထဲ မတရားရီချင်လာသည်။ အမေ့အခန်းကို ဒီ ရွံ့စရာ သတ္တဝါမလေးက နေမယ်တဲ့လား?။  အမေအခန်းမဟုတ်ဘဲ အမေ ကျန်းမာရေးမကောင်းတုန်းက အဖေနဲ့ စကားများပြီး ဟန်ဘုန်းခန့်အခန်းကို ပြန်ပြင်ဆောက်ပြီး လာနေခြင်း။ ဆိုလိုတာက ရေချိုးခန်း အိမ်သာဟာ နှစ်ခန်းပေါင်းမှ တစ်ခုသာရှိသည်။ သူ့အတွက် အခွင့်ရေးပင်။ ရွံ့စရာ သတ္တဝါမလေးကို နှိပ်စက်ဖို့ သူကြံနေတော့သည်။ အဖေက အမေဆီလာမကြည့်ဖူးဘဲ အခန်းအကြောင်းမသိကာ ပြောလိုက်ခြင်း။ သို့သော် ဟန်ဘုန်းခန့်အတွက် အမြတ်တစ်ခုဖြစ်နေသည်။

သူမ အိတ်ကို မနိုင်မနင်းဆွဲပြီး လှေကားတက်လာကာ အခန်းနှစ်ခန်းတွေ့သော်လည်း ဘယ်ဟာဝင်ရမှန်းမသိ။ သူမဘေးက ဖြတ်လျှောက်သွားတဲ့ ဟန်ဘုန်းခန့်ကို သူမလှမ်းခေါ်ကာ
'ဟန် ဘယ်ဟာ ကျမ အခန်းလည်းဟင်'

Step-Brother Become My Husband (R18)Où les histoires vivent. Découvrez maintenant