ဟန်ထွက်သွားမှ တောင့်ခံထားတဲ့ သူမခြေထောက်တွေ ခွေကျသွားသည်။ ညစ်ပတ်သွားတဲ့ ခန္ဓာကိုယ်ကို အချိန်အကြာကြီး ရေပန်းအောက် အကြိမ်ကြိမ်ဆေးချရင်း သူပေးထားတဲ့ အမှတ်အသားကွက်တွေပေါ် တွန်းဖဲ့ဆေးကြောကာ အသားတွေပင်နီရဲလာသည်။
'Bang'
ဖူးတယောက် လန့်ဖြန့်သွားသည်။
'မင်း အဲ့စောက်ရေချိုးခန်းထဲက ထွက်အုံးမှာလား သေချင် တခြားတနေရာသွားနေ ငါ့အိမ်မှာ ဒုက္ခလာမပေးနဲ့'
ဆူဆဲရင်း အဝတ်ကင်းမဲ့နေတဲ့ သူမ ခန္ဓာကိုယ်ကို တချက်ကြည့်ကာ လက်မောင်းကနေဆောင့်ဆွဲပြီး ထူပေးလိုက်သည်။
သူမ အသံတိုးတိုးလေးဖြင့်
'လွှတ်''ဘာပြောတာလဲ ကျယ်ကျယ်ပြော'
'လွှတ်ပေးပါ ဖူး ပင်ပန်းနေပြီ'
သူမထွက်သွားတော့ အမျိုးအမည်မသိ့တဲ့ ခံစားချက်နဲ့ကျန်ခဲ့တဲ့ ဟန်တယောက် ကိုယ့်ကိုယ်ကိုပင် နားမလည်တော့။
______________________
သူမအခန်းထဲ ရောက်မှ ရင်ထဲက အလုံးကျသွားသည့်အလား။ အင်္ကျီဝတ်ကာ ခေါင်းကို ရေပြောင်စင်အောင်သုပ်ပြီး အရေးပေါ်တားဆေးဝယ်ဖို့ သူမ အိမ်ကထွက်ခဲ့သည်။
လမ်းတွေမသိ့ပေမဲ့ ဆေးဆိုင် တွေ့လိုဌား ဟိုဟိုဒီဒီလျှောက်ရင်း 24နာရီဖွင့်ထားတဲ့ ဆေးဆိုင်တစ်ခု သူမတွေ့လိုက်သည်။တားဆေးဝယ်ပြီး ဆေးသိပ်ကြောက်တဲ့သူမ ဆေးကဒ်ကိုဖောက်ကာ ရေမပါဘဲ အတင်းမျိုချလိုက်သည်။ ဆေးလုံးက လည်ချောင်းမှာကပ်ကာ သူမစတင်ပျို့လာတော့သည်။တောင့်မခံနိုင်တဲ့အဆုံး ပျို့အန်မှုနဲ့အတူ နာကျင်မှုတွေပါ ရောယှက်လာသည်။
ကျောပြင်ငယ်ကို ဖွဖွလေး ပုတ်လာတဲ့ လက်တစ်စုံ။
ရေသန့်ဗူးအသစ် သူမကို ကမ်းပေးကာ နွေးနွေးထွေးထွေးပြုံးပြနေတဲ့ သူ။
လက်ထဲက တားဆေးကဒ်ကို အနောက်ဘက် ဝှက်လိုက်ရင်း ရှက်ရွံ့မှုတွေသာ ကျန်ခဲ့တော့သည်။
'ကျေးဇူးတင်ပါတယ်'
'အန်တဲ့ထဲ ဆေးပါသွားပုံဘဲ ခဏစောင့် ကိုယ် အသစ်ဝယ်ခဲ့ပေးမယ်'
YOU ARE READING
Step-Brother Become My Husband (R18)
Romanceမင်းက ရွံ့စရာ သတ္တဝါလေးဘဲ (ဟန်ဘုန်းခန့်) မြင်မြင်ချင်း ချစ်မိ့တာ ကျမ အပြစ်လား (ဖူး) မင်းက ရွံ့စရာ သတ္တဝါလေးဘဲ (ဟန်ဘုန်းခန့်) မြင်မြင်ချင်း ချစ်မိ့တာ ကျမ အပြစ်လား (ဖူး) Mature on