EP(74)

3.8K 499 39
                                    

Uni

{Warning: ထမင်းမစားရသေးရင် မဖတ်ပါနဲ့ (ဝိတ်ချမယ်ဆိုရင်တော့ တစ်မျိုးပေါ့ ဘေးဘေတို့ရယ်) နှလုံးရောဂါရှိတာမျိုး အရမ်းရွံတတ်ရင်လည်းမဖတ်နဲ့နော်။ အရမ်းကြောက်တတ်ရင်လည်း မနက်မှဖတ်။ မဟုတ်ရင် ဒီအပိုင်းကို ကျော်ချင်လည်းကျော်ကြ။ ဒါက နိုးလာတဲ့တစ်ယောက်ရဲ့ ရာဇဝင်ကို ရေးပြထားတာ။ သူ့အုတ်ဂူနဲ့ သူဘယ်လိုမြုပ်ခံခဲ့ရတာလဲဆိုတာတွေ... အဲ့တော့ ဒါကျော်ဖတ်ချင်လည်း ကျော်ဖတ်နော်}



သူ အိပ်မက်အရှည်ကြီး မက်ခဲ့သည်။ အိပ်မက်ထဲမှာ သူက မမြင်ရတဲ့ ထိတွေ့လို့မရတဲ့ လေလိုတည်ရှိမှုမျိုးဖြင့် လွင့်မြောနေခဲ့တာဖြစ်သည်။ သစ်တောကြီးတစ်ခုကိုအဖြတ်မှာ အဝေးမှ ခရာသံတွေနဲ့အတူ အိုးစည်ဗုံမောင်းအသံတွေ တညံညံကြားလိုက်ရသည်။ သူ ကြောင်အသွားပြီး လမ်းအလယ်မှာ မတ်တပ်ရပ်နေမိသည်။ သစ်ပင်ကြားက ပုံရိပ်တွေက တဖြည်းဖြည်းထင်ရှားလာကာ ပိုနီးကပ်လာသည်။



အရောင်အသွေးစုံလင်ပြီး များပြားသော လူထုသည် သစ်ပင်ခြုံနွယ်များကို လမ်းဖြစ်အောင်ရှင်းရင်း အရှေ့ဘက်ဆီသို့ တရွေ့ရွေ့ချီတက်လာကြသည်။ အပေါ်အင်္ကျီဗလာ၊ ဗလတောင့်တောင့်၊ လှံကိုင်ထားသော လူသားများ၊ ဆင်ပေါ်မှနေ ဟိုဟိုဒီဒီအမိန့်ပေးနေသည့် မောက်ချွန်ဆောင်းထားသော မှူးမတ်အထိ လူတန်းစားကတော့ စုံစုံလင်လင်ပါရှိသည်သာ။



ကာကွယ်ရေးအလွှာပြီးသည့်နောက်မှ လမ်းလျှောက်လိုက်ပါလာသည့် မိန်းမပျိုလေးတွေနှင့် အိုးစည်ဗုံမောင်းတွေနှင့် ဖျော်ဖြေနေကြသူတွေက အလယ်မှာပါလာသည်။ ထိုထက်အလယ်မှာရှိနေသည်ကတော့ တန်ဆာဆင်ထားသည့် နွားငါးကောင်*ကသော လှည်းယဉ်တစ်ခု။ လှည်းသည် အတော်လေးလှပအောင် ထွင်းထုထားဟန်ပေါ်ပြီး သစ်သားလှည်းဆိုသော်ငြား ရွှေနှင့်ပြုလုပ်ထားသော အတွန့်အတက်တွေနှင့် ခန့်ညားနေသည်။



တန်ဆာဆင်ထားသော ပုလဲလုံးလိုက်တာတွေ၊ ပန်းတွေက လှည်းရွေ့သွားတိုင်း တယိမ်းယိမ်းဖြင့်။ ပုဝါကိုခြုံ၊ မျက်လွှာချကာ ခြေလျင်လိုက်ပါလာသော မိန်းကလေးတွေက လှည်း၏ အရှေ့မှာရော အနောက်မှာပါရှိနေသည်။ သူတို့ပုံကြည့်ရတာ တော်ဝင်မျိုးနွယ်ထဲကတစ်ယောက်ယောက်အား လိုက်ပါစောင့်ရှောက်ပေးနေပုံရသည်။ လှည်းတန်းအနောက်ဘက်ဆုံးမှာလည်း ပစ္စည်းတွေတင်ထားပုံရသည့် ဘီးတပ်လှည်းကြီးများ အစီအရီ။

OMG, I WAS WRONG!!! 🅢︎🅨︎🅢︎🅣︎🅔︎🅜︎ (Completed)Where stories live. Discover now