Ep(5)

9K 876 34
                                    

Uni

၂ပတ်ပြည့်သွားတဲ့အခါမှာတော့ ရိုးရှင်းဟာ ကျောင်းအပေါက်ဝကို ပြန်ရောက်လာတော့သည်။ ဝဝလင်လင် အနားယူလိုက်ရတာကြောင့် သူ့အသားအရေဟာ ကြည်လင်နေပြီး သူ့ပါးနှင့်တကွ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ဖောင်းဖောင်းလေးဖြစ်နေသည်။ ဒါတွေအားလုံးက ညနေတိုင်း စားစရာတွေဝယ်ဝယ်ပို့ပေးတဲ့ သူ့ကောင်မလေးတွေကြောင့်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး။ ရိုးရှင်းက သူ့ဗိုက်သူ တစ်ချက်ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ အစကသူ့ကိုယ်သူပုပဲပုတယ်ထင်နေတာ။ အခုတော့ လုံးပါလုံးသွားတော့တာပဲ ကောင်းရော။

ပြောနေစရာမလိုလောက်အောင်ပင်။ ကျောင်းပေါက်ဝမှာ သူ့ကိုလာကြိုနေတဲ့ ကောင်မလေးတွေရှိသည်။ သူမတို့က သူ့ကို Updatesတွေကြောင့် ဘယ်လောက်တောင် ပျော်ရပါကြောင်း တတွတ်တွတ်ပြောပြီး သူ့ရဲ့ ဒဏ်ရာတွေ သက်သာလာလားဆိုတာကို စစ်ဆေးခဲ့ကြသည်။ သူ့ဒဏ်ရာတွေက အမာရွတ်နည်းနည်းတော့ ထင်ကျန်နေသေးပေမဲ့ ဖြစ်စကလောက်တော့ နာကျင်မှုမရှိတော့ပေ။ အနည်းဆုံးတော့ သူ အသက်ရှင်နေသေး၏။ ဘယ်လိုပဲဆိုဆို အဲ့တာကကို တကယ့်ကောင်းချီးကြီးဖြစ်နေသည်မဟုတ်လား။

ရိုးရှင်းက သူ့အနားမှာ အမြဲတမ်းလူတွေအုံနေတာကို မကြိုက်ပေ။ သူက သူ့ကောင်မလေးတွေကို ဒီအကြောင်း ယဉ်ယဉ်ကျေးကျေးပြောအပြီးမှာတော့ သူ့ကောင်မလေးတွေက သူ့ကိုလွှတ်ပေးလိုက်ပြီး အတန်းထဲကို ဂရုစိုက်သွားဖို့ အတန်တန်မှာကြားကြလေသည်။ မသိရင် နယ်မှာကျန်ခဲ့တဲ့သူ့အမေနဲ့ နင်လားငါလားပင် ထင်ရသည်။ အတန်းတက်ချိန်က အနည်းငယ်လိုသေးပေမဲ့ ကျောင်းသားတွေတော်တော်များများကတော့ အတန်းထဲမှာ ဝင်ထိုင်နေကြပြီဖြစ်သည်။ သူတို့က အတော်လေးဆူညံနေကြပြီး ကျောင်းမြင်ကွင်းကို ပိုလို့အသက်ဝင်စေသည်။

Gameထဲဝင်ပြီးမှ စွဲသွားတဲ့အကျင့်တစ်ခုအနေနဲ့ ရိုးရှင်းက သူ့မျက်မှန်ကို လက်နဲ့ပင့်တင်လိုက်ကာ လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်၍ အတန်းထဲကို ဝင်လာလိုက်သည်။ သူ့ပုံစံက မူကြိုစတက်မည့် ကလေးနှင့် တူနေလိမ့်မည်။ တကယ်က ရိုးရှင်း ပျင်းပါ၏။ ဘယ်လိုပဲဆိုဆို သူက ဒီအသက်အရွယ်ကိုဖြတ်သန်းပြီးသားပဲ မဟုတ်ဘူးလား။ နှစ်ခါဖြတ်သန်းရမယ်ဆိုတာအတွက် သူ့မှာ အပျင်းကလွဲလို့ ဘာမှပေးစရာမလိုဘူး။ အခု သူလုပ်ဖို့လိုနေတဲ့ နောက်Stepက ကျိန်းသေ ရည်းစားစကားပြောဖို့ပဲ။ ဘာလို့ဆို စာရေးတာကလည်း လေးပုံသုံးပုံရေးပြီးနေပြီ။ စွဲရိပ်ထင်နဲ့ ကိစ္စကလည်း အခွင့်ကောင်းရှာပြီး ဖြေရှင်းလိုက်ရင်ပြီးပြီ။ အသက်ရှင်ဖို့လား။ အင်း။ သူအခု အသက်ရှင်နေတယ်လေ။ စာအုပ်တွေနဲ့ အိမ်ဝယ်ဖို့ကျတော့ မန်းနီးရှိမှ ဖြစ်မဲ့ကိစ္စဆိုတော့ ပိုက်ဆံများများစုပြီး အချိန်ပြည့်အောင်စောင့်ရုံအပြင် မတတ်နိုင်ဘူး။ ဒီတော့ သူ့မှာ လတ်တလောလုပ်စရာဆိုလို့ ရည်းစားစကားပြောဖို့ Taskပဲရှိတယ်။ နောက်ပြီး အဲ့ဒီတစ်ခုက ပြည့်ဖို့ အမြန်ဆုံးပဲ။

OMG, I WAS WRONG!!! 🅢︎🅨︎🅢︎🅣︎🅔︎🅜︎ (Completed)Où les histoires vivent. Découvrez maintenant