EP (108)

3.1K 408 27
                                    

Uni

သူ့အမေသေရခြင်းရဲ့ လှို့ဝှက်ချက်ကို လကျ်ာ သိထားပြီးပြီဆိုတာ ကေးလ် သိနေသည်။ ထိုအတွေးကိုတွေးမိလိုက်သောအခါ အခန်းတံခါးဖွင့်၍ ဝင်လုဆဲဆဲ လကျ်ာ ခြေလှမ်းတွေ ရပ်တန့်လုဆဲဆဲဖြစ်သွားသည်။ သူ့ရှေ့က အခန်းသည် မှောင်မည်းတိတ်ဆိတ်နေသည်။ အရာအားလုံးတို့သည် မှိန်ပျပျ ငြိမ်သက်နေကြကာ လိုက်ကာဖွင့်ထားသည့် မှန်ပြတင်းပေါက်မှ အလင်းရောင်ယဲ့ယဲ့သည်သာ အားကိုးရာဖြစ်လာသည်။

ကောင်လေးသည် ပြတင်းပေါက်ရှေ့တွင်ထိုင်လျက်ရှိသည်။ မသန်စွမ်းသော ခြေထောက်နှစ်ချောင်းကို ဝှီးချဲပေါ်တင်ကာ ပေါင်ပေါ်၌ အညိုရောင်စောင်တစ်ထည်လွှမ်းထားသည်။ အလင်းရောင်အားနည်းမှုကြောင့် အညိုရောင်လား အနက်ဖျော့ဖျော့ပဲလား သူ မခွဲတတ်တော့။

လက်နှစ်ဖက်ကို ဝှီးချဲလက်ရန်းပေါ်တင်ကာ သက်တောင့်သက်သာ ငြိမ်သက်နေသော ကောင်လေးကိုကြည့်ရင်း လကျ်ာ အတွေးများသွားရသည်။ တံခါးကိုဖွင့်၍ အထဲကို ခြေတစ်လှမ်းချရင်းသား ဝင်သွားရခက်၊ ပြန်ထွက်ရခက်။

ဒီကောင်လေးအပေါ် သူ့ခံစားချက်တွေ သိပ်ရှုပ်ထွေးလွန်းလာသည်။ ဒီကလေးက ဘယ်လိုမှ ပုံမှန်မဟုတ်မှန်းလည်းသိသည်။ ကြောက်ရမဲ့လူမှန်းလည်း နားလည်သည်။ ယုတ်စွအဆုံး အန္တရာယ်ရှိတာတောင် သူ သိသည်။ သို့သော် တစ်ချိန်တည်းမှာပဲ အဲ့ဒီကလေးက သနားစရာကောင်းနေပြန်သည်။ လကျ်ာရင်ဘတ်ထဲမှာ နူးနူးညံ့ညံ့ခံစားမိတဲ့အထိ သနားစရာကောင်းတာမျိုး။ သူ မသိတော့။ ကြာရင် အဲ့ဒီ ရှုပ်ရှုပ်ထွေးထွေး ခံစားချက်တွေထဲ မလိုလားတာတွေပါ ပါလာမှာ လကျ်ာ စိုးရိမ်မိသည်။

သူ့မသိစိတ်က တိုးတိုးလေးပြောနေသော ခန့်မှန်းချက်လေး တစ်ခုလည်း ရှိသေးသည်။ ကောင်လေးသာ မောင်ဆိုပါက...

လကျ်ာ ထိုအတွေးကို ငြင်းဆန်သလိုမျိုး ခေါင်းခါလိုက်သည်။ လှုပ်ရှားမှုက သိသာသွားလို့ထင်။ ကောင်လေးက သူ့ဘက်ကို လှည့်ကြည့်လာသည်။ မိုးသံတွေကသာ သူတို့နှစ်ယောက်ကြားထဲ လှုပ်ရှားတက်ကြွနေကြသည်။

"လာလေ"

ဝင်လာဖို့ တွန်းအားပေးလိုက်သလိုမျိုး ရေရွတ်ကာ ကောင်လေးက ပြတင်းပေါက်ဘက် ပြန်လှည့်သွားခဲ့သည်။ ညကြီးသန်းခေါင်မှာ ဘယ်ဆက်ကျော်သက်ကများ မိုးတွေရွာနေတဲ့ဆီကို ထိုင်ကြည့်နေမှာလဲ။ တကယ်လို့ သာမန်ကလေးတွေလည်း ဒီလိုထိုင်ကြည့်ရတာ ကြိုက်တယ်ဆိုရင်တောင် မိုးရွာတာကိုကြည့်ပြီး တွေးတဲ့အတွေးတွေက ကေးလ်နဲ့ ကွဲပြားမှာ အသေအချာ။ ဘာလို့ဆို ကေးလ်က သူ နားလည်ကြည့်ဖို့တောင် မစွမ်းနိုင်တဲ့ ကလေးတစ်ယောက်ဖြစ်နေသည်။

OMG, I WAS WRONG!!! 🅢︎🅨︎🅢︎🅣︎🅔︎🅜︎ (Completed)Where stories live. Discover now