EP(78)

3.8K 507 21
                                    

Uni

နေ့လယ်ခင်းအပူကနေ တဖြည်းဖြည်းလျော့ပါးလာကာ ညခင်းဆီသို့ ဦးတည်လာသည်။ ညနေ၆နာရီလောက်ကြီးမို့ နေကလည်း ပူဖို့မစွမ်းသာတော့။ တကယ်တော့လည်း နေ့လယ်ပိုင်းတုန်းက နေပူနိုင်ခဲ့သည်မဟုတ်။ အဲ့အသုဘအပြင်ထွက်လာတာနဲ့ အရှိန်တငြီးငြီးဖြစ်နေသည့်နေတောင် တိမ်တွေထဲ ဝင်ပုန်းသွားသည်ပဲ။ မြင်ရတွေ့ရတာက တစ်ခုမှ စိတ်သက်သာစရာမရှိပေ။

အခန်းငယ်ထဲ၌ ဆေးလိပ်ငွေ့တွေ ပလူပျံလျက်ရှိသည်။ ဦးထွဋ်ရှားသည် ခုံမှထပြီး ဟိုဘက်ဒီဘက် လမ်းလျှောက်နေတာဖြစ်သည်။ ပါးစပ်ဆီ စီးကရက်တေ့လိုက် ထိုအငွေ့များကို ဖွာထုတ်လိုက်နှင့် ဝိဥာဉ်လွင့်နေသူတစ်ဦးပမာ လမ်းလျှောက်နေသည်။ ခရာကတော့ ပျင်းရိနေသည့် မျက်ဝန်းတွေဖြင့် ကြမ်းပြင်မှာ ထိုင်နေသည်။

ဆံပင်အနက်ရောင်တွေက အနည်းငယ်ပွရှုပ်နေကာ အပူချိန်နှင့် ဘာမှမလိမ်းထားမှုတို့ကြောင့် အနည်းငယ်အဆီပြန်ချင်သလိုဖြစ်နေသည်။ ခပ်လတ်လတ်ရှိသောအသားအရည်က စိုတက်လာကာ မျက်နှာက စိုစိုစွတ်စွတ်လေးဖြစ်နေသလိုပင်။ အဆီပြန်ကာမှ နှာခေါင်းလုံးလုံးလေးက ဝင်းတက်လာပြီး ပိုလို့တောင် ချောနေသေးသည်။

လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ခြင်းက ၂နာရီကြာတာတောင် ပြောင်းလဲမသွားခဲ့ပေ။ သူ့လက်တွေ အရှိုးရာထင်ကုန်ပြီဆိုတာ မပြောလည်း သိနိုင်သည်။ ခြေထောက်ကတော့ လွတ်လျက်သား။ သူသာ ထွက်ပြေးမည်ဆို ပြေးလို့မရစရာ အကြောင်းမရှိ။ ဦးထွဋ်ရှားရဲ့ လူတွေကိုတော့ မသေချာပေမဲ့ ဦးထွဋ်ရှားလောက်ကတော့ သူ အသာလေး ကိုင်တွယ်နိုင်သည်။ သို့သော် သူထွက်ပြေးလို့မဖြစ်သေး။ စာအုပ်ကိစ္စနှင့် ပတ်သတ်ပြီး ဦးထွဋ်ရှားနှင့် စကားပြောရဦးမည်။

“အော်ဂလီဆန်စရာကောင်းတယ်”

ဟိုဘက်ဒီဘက်လျှောက်နေသော ဦးထွဋ်ရှားဆီမှ စကားသံ ကြားရလာသည်။ ထိုလူက စီးရက်ကို လက်ထဲမှာကိုင်ရင်း သူ့ဆီ ဦးတည်လာနေတာဖြစ်သည်။ သူ့ပုံစံက ဘာကိုမှ ဆက်စပ်တွေးတောလို့မရတော့သလိုမျိုး။

“မင်းလုပ်တာဆိုတဲ့ အဖြေကလွဲရင် ကျန်တဲ့ ယုတ္တိရှိတဲ့အဖြေလည်း ငါ့မှာ မရှိတော့ဘူး”

OMG, I WAS WRONG!!! 🅢︎🅨︎🅢︎🅣︎🅔︎🅜︎ (Completed)Where stories live. Discover now