4

1.9K 126 0
                                    


"ရှေ့နေကြီး နေမကောင်းဘူးလား ဒီလောက်အေးနေတာ ချွေးတွေထွက်နေတယ်"

ဝမ်ရီပေါ်က သူ့အနားကိုကပ်လာပြီး နဖူးကိုစမ်းရန် လက်လှမ်းလာတယ်.
ဝမ်ရီပေါ်က အရပ်ရှည်တယ်ဆိုပေမယ့် ရှောင်းကျန့်ရဲ့နားရွက်ထိပဲရှိတယ်.
ဒီတော့ ဝမ်ရီပေါ်ကခေါင်းလေးမော့လျက်. အနီးကပ်မြင်နေရတဲ့ ဝမ်ရီပေါ်ရဲ့ဖြူအုပြီး ချောမောလှပတဲ့မျက်နှာ.ကပိုကရိုနဲ့နဖူးပေါ်ဝဲကျနေတဲ့ အညိုရောင်ဆံနွယ်လေးတွေ.
ဇင်ယော်တောင်မျက်ခုံးလေးတွေ.
ကြည်​ကြည်တောက်တောက် မျက်နက်ဝန်းလေးတွေ. မျက်တောင်စိပ်စိပ်လေးတွေ. နှာတံလုံးလုံးလေး .မက်မွန်ပန်းပွင့်ရောင် ပါးဖောင်းဖောင်းလေး. ချယ်ရီသီးမှည့်လေးလို ရဲရဲစိုနေတဲ့ နှုတ်ခမ်းဖူးဖူးလေး. . .

ရှောင်းကျန့် ကြည့်နေရင်း အာခေါင်ခြောက်လာသလိုလို

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့် ကြည့်နေရင်း အာခေါင်ခြောက်လာသလိုလို . ရေငတ်လာသလိုလို . ခန္ဓာကိုယ်ထဲက သွေးတွေတဖြည်းဖြည်းစူပွက်လာတယ်. မယိုးမယွခံစားချက်ကြီးက တလိပ်လိပ်တက်လာတယ်.ရင်ဘက်ထဲ ရထားဆယ်စီးခုတ်မောင်းနေပြီ . စိတ်ဝိဉာဉ်လိပ်ပြာကလွင့်မျောသွားပြီ . . .
ဟား . . . မရတော့ဘူး .

"ပြွတ်စ်" "အွန့်"

ရှောင်းကျန့် လက်တစ်ဖက်က ဝမ်ရီပေါ်ရဲ့ခေါင်းလေးကိုဆွဲယူပြီး ကျန်လက်တစ်ဖက်က ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်တယ်. တစ်ပြိုင်နက်တည်း ဝမ်ရီပေါ်ရဲ့နှုတ်ခမ်းဖူးဖူးလေးကို ဆွဲစုပ်နမ်းလိုက်တယ်.

ဝမ်ရီပေါ်ကလည်း ရုတ်တရက် မထင်မှတ်ထားလို့ထင်. ကြောင်အစွာနဲ့ အနမ်းခံနေတယ်. ရှောင်းကျန့် စိတ်ဆင်ရိုင်းကို မထိန်းနိုင်လောက်အောင် ဝမ်ရီပေါ်ရဲ့နှုတ်ခမ်းလေးတွေက နူးနူးညံ့ညံ့အိအိထွေးထွေး.
ချိုမြိန်တယ်. . မရပ်တန့်နိုင်ဘူး. . .

My Happiness (Complete)Where stories live. Discover now