10

2K 111 5
                                    

ဒီမနက် ရီပေါ် ရှေ့နေကြီးဆီ ၆ နာရီအရောက်သွားရမယ်. ပေကျင်းကနေ ၄ နာရီလောက် ကားမောင်းရမယ့် ပင်းကျိုးမြို့ကို သွားရမှာ. စုံစမ်းစရာရှိလို့တဲ့. ဘာမှန်းမသိပေမယ့် မနေ့ကလာတဲ့ ဦးလေးကြီးနဲ့ ပတ်သတ်မယ်ထင်တယ်.

ရီပေါ် ဖန်ရှင်းကို ညက​တည်််းကခေါ်ထားရတယ်. မနက် ရှေ့နေကြီးကားနဲ့သွားကြမှာမို့လို့ ဖန်ရှင်းကိုလိုက်ပို့ခိုင်းရမှာ. အပျော်လွန်ပြီး ညကလည်းကောင်းကောင်းအိပ်မပျော်. မနက်ကျတော့လည်းအစောကြီးနိုးနေပြီးတက်ကြွနေတယ်. ဖန်ရှင်းက အံ့သြလို့မဆုံး.

"မင်း နယ်ရိုက်ကွင်းသွားစရာရှိရင်တောင် အစောကြီးမနိုးတဲ့ကောင်က ဒီတစ်ခါအထူးအဆန်းပါလား"

"မတူဘူးလေ သားကြီးရာ. အခုက ရှေ့နေ​ကြီးနဲ့ သွားရမှာ"

"မင်း ရှေ့နေကြီးကို တော်တော်ခင်တွယ်နေတာပဲ"

"အဲဒါထက် ပိုတယ်"

ရီပေါ်ရဲ့ စကားကိုတစ်မျိုးနားလည်သွားတဲ့ ဖန်ရှင်းက

"အင်းပါ . ငါသိပါတယ်. မင်း ရှေ့နေကြီးကို အစ်ကိုတစ်ယောက်လိုခင်တွယ်နေတယ်ဆိုတာ"

လာပြန်ပြီနောက်တစ်ယောက်. ညီအစ်ကို ဇုန်ထဲထည့်နေပြန်ပြီ. ( ငါလေး  ရှင်ချင်တယ်)

"ဟူး" ရီပေါ် ခေါင်းခါရင်း လေပူမှုတ်ထုတ်လိုက်တယ်.
ရီပေါ်လည်း ရှင်းပြမနေတော့ပါဘူး. သူ့ဘက်ကသာချစ်နေပေမယ့် ရှေ့နေကြီးက ခန့်မှန်းရခက်တယ်. တစ်ခါတစ်ရံ ဆောင်းလယ်ကာလရောက်သွားသလို ရေခဲငွေ့တွေထုတ်လွှတ်နေပြီး တစ်ခါတစ်ရံ နွေဦးရာသီက  နေခြည်နွေးနွေးဖြာကျနေသလို ရီပေါ်မှာ အေးလိုက်နွေးလိုက်နဲ့ ခံစားချက်မျိုးစုံ ခံစားနေရတယ်.

ရီပေါ်တို့ ကုမ္ပဏီကားမသုံးဘဲ ရီပေါ်ရဲ့ မသုံးဘဲထားနေရတဲ့ ကိုယ်ပိုင်ကားအဖြူလေးနဲ့ ထွက်လာ​ကြတယ်.
ရှေ့နေကြီးက သူနေတဲ့လမ်းလေးနဲ့ လမ်းမကြီးဆုံရာမှာစောင့်နေမှာ. တွေ့ပါပြီ ကားလေးကိုမှီပြီး ရီပေါ်လာမယ့်လမ်းကိုကြည့်နေတဲ့ ရှေ့နေကြီး.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Happiness (Complete)Where stories live. Discover now