16

1.7K 105 4
                                    

အခုဆိုရင် ဝမ်ရီပေါ်  နယ်မြို့လေး ဇာတ်ကားရိုက်ထွက်သွားတာ နှစ်ပတ်ရှိပြီ . ရှောင်းကျန့်ရဲ့ လက်ကကျောက်ပတ်တီးဖြည်ပြီးလို့ ကောင်းသွားပြီ.  ရှောင်းကျန့်ကို ဝမ်ရီပေါ်က မနက်တိုင်း ဖုန်းဆက်တယ်. ညတိုင်း VC ပြောတယ်. ဝမ်ရီပေါ်က အားရင်အားသလို message  ပို့တတ်ပါသေးတယ်. ဒါ့ကြောင့် ရှောင်းကျန့် အားချိန်ရတာနဲ့ ဖုန်းဖွင့်ကြည့်ရတဲ့ အလုပ်တစ်ခုတိုးလာရတယ်. အခုလည်း နေ့လည်ပိုင်း တရားရုံးကပြန်လာပြီး ရုံးမှာ နားချိန်လေး ဖုန်းဖွင့် စစ်ကြည့်လိုက်တယ်.

ရီပေါ် နေ့လည်ဘက် ရိုက်ကွင်းက ခဏနားချိန်မှာ ရှေ့နေကြီးဆီ ပုံလေးတစ်ပုံ ပို့လိုက်တယ်.
*ကိုကြီး ရီပေါ်ချောလား*

ရှောင်းကျန့် ဝမ်ရီပေါ်ရဲ့ ပုံကိုကြည့်ရင်း ကြည့်ရင်း နက်မှောင်သွယ်တန်းနေတဲ့ မျက်ခုံးတန်းတွေက တဖြည်းဖြည်း ကျုံ့ကျုံ့လာတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့် ဝမ်ရီပေါ်ရဲ့ ပုံကိုကြည့်ရင်း ကြည့်ရင်း နက်မှောင်သွယ်တန်းနေတဲ့ မျက်ခုံးတန်းတွေက တဖြည်းဖြည်း ကျုံ့ကျုံ့လာတယ်.
( ကြည့်စမ်း ဘောင်းဘီတိုလေးနဲ့ . ခြေသလုံးဖွေးဖွေးလေးတွေ ပေါ်နေပြီ. ကျောင်းဝတ်စုံက ဘောင်းဘီရှည်နဲ့လုပ်လို့ မရဘူးလား )
စိတ်ထဲ ကသိကအောင့်ဖြစ်သွားပေမယ့်လည်း သူ့ကလေးကို စိတ်မညစ်စေချင်ပါဘူး. ဒါ့ကြောင့် စာပြန်ပို့လိုက်တယ်.
*အင်း! ချစ်ဖို့ကောင်းတယ်*

ရိုက်ကွင်းနားတာနဲ့ ဖုန်းပြေးကြည့်ရတာ ရီပေါ်ရဲ့ အလုပ်တစ်ခုပဲ. ရှေ့နေကြီးရဲ့ ပြန်စာကိုဖတ်ပြီး ရင်ထဲ တလှပ်လှပ်ဖြစ်လာလို့ ရီပေါ် အောက်နှုတ်ခမ်းကို အသာလေးဖိကိုက်ရတယ်.

×××

ရီပေါ်ရဲ့ ရိုက်ကူးရမယ့်အပိုင်းက ဒီနေ့ စောစောပြီးလို့ ဟိုတယ်ကိုပြန်ရောက်တာနဲ့ ရေချိုး ညစာစားပြီး ၉ နာရီထိုးတာနဲ့ ရှေ့နေကြီးကို VC ခေါ်လိုက်တယ်. ရီပေါ်က ဝမ်းသာ​အားရ​စွာနဲ့
"ကိုကြီး ရီပေါ် နောက်နှစ်ရက်နေရင် ကြော်ငြာတစ်ခုရိုက်ဖို့ ပေကျင်းကို လာစရာရှိတယ်."

My Happiness (Complete)Where stories live. Discover now