20

1.8K 107 3
                                    

ရှောင်းကျန့် နေ့လည်ဘက် ခပ်ပျင်းပျင်းရှိတာနဲ့ အိမ်ပြင်ထွက်ဖို့ပြင်တယ်.

"သား.... ဘယ်လဲ?"

"သူငယ်ချင်းအိမ် ခဏ"

"သြော်... အေးအေး. ညစာပြန်စားနော်. မေမေ သားအကြိုက်တွေပဲ ချက်ထားမှာနော်"

"ဟုတ်! မေမေ. သားသွားပြီ''
ရှောင်းကျန့် ခြံအပြင်ရောက်တုန်းရှိသေး
((   📱  ))
ဖုန်းမြည်လာ၍ ကြည့်လိုက်တယ်.
*ကျိုးချန်ပဲ*

ရှောင်းကျန့် ဖုန်းကတ် အသစ်လဲပြီးကတည်းက ဘယ်သူ့ကိုမှ ဖုန်းနံပါတ်မပေးခဲ့. ကျိုးချန်ကလွဲလို့ပေါ့. ဒါတောင် အရေးကြီးမှဆက်လို့ မှာခဲ့တာ...ဆိုတော့
"ပြော.. ကျိုးချန်"

"ရှောင်းကျန့်! ရီပေါ် အရေးပေါ် ဆေးရုံတင်ထားရတယ်. အဲဒါ မင်း အမြန်ပြန်လာ"

ကြားလိုက်ရတဲ့ သတင်းက ရှောင်းကျန့်ရင်ကို ပူပြင်းသွားစေတယ်.  မယုံနိုင်စွာ..
"ဘ..ဘာကြီး?"

"သြော်... ရီပေါ်ကို ဆေးရုံတင်ထားရတယ်လို့!" ကျိုးချန်က စိတ်မရှည်စွာပြောလိုက်တယ်.
"မင်း ပြန်လာခဲ့ ဒါပဲ" ဖုန်းချလိုက်တယ်.

ရှောင်းကျန့် ရင်ထဲ ကတုန်ကယင်ဖြစ်သွားပြီး အိမ်ထဲအမြန်ပြန်ဝင်လာလိုက်တာ ဧည့်ခန်းက စားပွဲကိုတောင် မမြင်နိုင်ဘဲ ဝင်တိုက်မိလိုက်သေး
"ဒုန်း!"

"ဟဲ့! ဟဲ့! ဘာဖြစ်တာတုန်း! စောနကပဲ သူငယ်ချင်းဆီသွားမလို့ဆို?"
အမြဲ တည်တည်ငြိမ်ငြိမ်နဲ့ သတိကြီးတဲ့ သားတော်မောင်က ဘာကိစ္စမို့လို့ သတိလက်လွတ် နမော်နမဲ့ ဖြစ်နေရပါလိမ့်. အိမ်ပြန်ရောက်ကတည်းက တမှိုင်မှိုင်တတွေတွေ . အရင်လို သပ်သပ်ရပ်ရပ်လည်းမရှိ . သားဖြစ်သူ ဘာဖြစ်လာမှန်းမသိ၍ သူမရော သားရဲ့ အဖေဖြစ်သူကပါ ဒီအတိုင်းကြည့်နေရတယ်. ရည်းစားပူမိလာတာလားလို့တော့ သံသယဖြစ်မိတယ်.

"ဟို.. ရုံးကအရေးပေါ် လှမ်းခေါ်လို့ အခုပဲ ပြန်ရတော့မယ်"
ရှောင်းကျန့် မလိမ်စဖူးလိမ်ရတော့ မိခင်ဖြစ်သူကိုမကြည့်ဘဲ  ပြန်ဖြေရင်း သူ့အခန်းထဲ အမြန်ဝင်သွားတယ်. ခဏ အကြာ ကျောပိုးအိတ်လွယ်ရင်း ပြန်ထွက်လာတယ်.

My Happiness (Complete)Where stories live. Discover now