မနက်ခင်းရဲ့ နေရောင်ခြည်က ပြတင်းတံခါးကနေ ကျော်လွန်ပီး ကျွန်တော့် မျက်နှာပေါ်ကို ကျရောက်နေတယ် ဘေးမှာ Alarm ကလည်းမြည်နေပီ ညက မိုးရွာထားတော့ အိပ်လို့ကောင်းလိုက်တာ
မထချင်ပေမဲ့လည်း ထမှဖြစ်မှာ ကျောင်းသွားဖို့ ပြင်ရမယ် အတန်းတက်မှဖြစ်မယ်လေ luhan ဆိုတဲ့ ကျွန်တော့်ရာဇဝင်မှာ ကျောင်းနောက်ကျတယ်ဆိုတာ ထုံးစမှ မရှိဘဲ ဒါနဲ့ညက…………………
တွေးနေရင်း ဟိုကောင်လေးအကြောင်းက ခေါင်းထဲအလိုလို ရောက်လာပြန်ပီ
"ညက သူအိမ်ကို ကောင်းကောင်းမွန်မွန်မှ ပြန်ရောက်ရဲ့လား မသိဘူး ဂျစ်ကန်ကန်လေးဆိုပေမဲ့ စိတ်ထားလေးကတော့ ကောင်းသားဗျ ကိုယ်တော်ချောလေးကြောင့်သာ မဟုတ်ရင် ညကမိုးနဲ့ဆို ဖျားမှာ အသေချာပဲ ကျောင်းရောက်မှ ကျေးဇူးတင်စကားပြောရမယ်"
ကျောင်းလာတဲ့ တစ်လမ်းလုံး luhan တစ်ယောက် sehun ကို သူ ဘယ်လိုကျေးဇူးတင်စကားပြောရမလဲ ဆိုတာ စဉ်းစားလာလိုက်တာ ရုပ်ကလည်း ပြုံးဖြီးဖြီးကြီးနဲ့
ကျောင်းပေါက်ဝ ရောက်လာတာတောင် သတိထားမိပုံ မပေါ်!!
"ရှေ့က ကောင် လမ်းကိုဘယ်လိုလျှောက်နေမှန်းမသိဘူး အာရုံနောက်ရတဲ့အထဲ ဖယ်ကွာ"
"အာ့……ဘုန်း……¡¡¡¡"
luhan သူ့ကို လူတစ်ယောက်ဝင်တိုက်သွားတော့မှပဲ သတိပြန်ဝင်တော့တယ် လူကတော့ မြေကြီးပေါ် ပုံလျက်သားလေး ပြုတ်ကျလို့
"ဟာ ဘယ်သူလဲဟ ငါ့ကိုဗလိုင်းကြီး ဝင်ကျုံးသွားတာ"
"Sry ပါ ကျွန်တော့်ညီလေး အစားကျွန်တော် တောင်းပန်ပါတယ် ဘယ်နားထိသွားသေးလဲ"
"ခင် ခင်ဗျားက????"
"ခုနက မင်းကို ဝင်တိုက်သွားတဲ့လူက ငါ့ညီ Sehun လို့ခေါ်တယ် သူက မနေ့ကမှ ဒီကျောင်းပြောင်းလာတာလေ ငါက သူ့ကိုကျောင်းလိုက်ပို့တာ သူ့အစ်ကို Jongin!!!
"Se sehun???
ငါ့ကိုဝင်တိုက်သွားတာ Sehun လား အော် :'( "
"inn သိတယ်ပေါ့"
"Inn ငါတို့အခန်းကပဲလေ"
"ဒါဆို မင်းဆီမှာ sehun ကို အပ်ပါရစေ သူက နည်းနည်းတော့ ဆိုးတယ် ကလေးဆိုးပေါ့ ဒါပေမဲ့ သဘောကောင်းပါတယ်