"Oh sehun?????? "
ဟုတ်ပါတယ် oh sehun သူမှ သူအစစ် ကျွန်တော်ရဲ့ တစ်ချိန်က ချစ်သူ oh sehun ပါ ဘေးမှာလည်း ကောင်မလေးက မူးလို့ အဝတ်အစားကလည်း ဝတ်ထားက လျှပ်ပေါ်လော်လီ
အို!!! ကျွန်တော်နဲ့ ဘာဆိုင်တော့တာ မှတ်လို့!! ဘာအကြောင်းကြောင့်နဲ့မှ သူနဲ့ ထပ်မပတ်သတ်ချင်တော့ဘူး ကျန်နေတဲ့ သံယောဇဉ်အမျှင်တန်းတွေကိုလည်း ဖြတ်တောက်ပစ်ရမယ် မျက်ခမ်းစပ်က ထစ်ခနဲရှိ ကျတော့မဲ့ဆဲဆဲ မျက်ရည်တွေကို လက်နဲ့ ခပ်ကြမ်းကြမ်း သုတ်ပီး ပြေးထွက်လာခဲ့တာ စိတ်ထဲက သူ မလိုက်လာပါစေနဲ့ ထပ်ပီး မနှောင့်ယှက်ပါနဲ့ ဆိုပီး ဆုတောင်းနေပေမဲ့ တကယ့်လက်တွေ့မှာတော့ လိုက်များလာမလားလို့ တောင်းတနေမိတယ် နည်းနည်းဝေးဝေးတစ်နေရာရောက်လို့ လှည့်ကြည့်မိတော့ သူမပါလာဘူး အနည်းဆုံးတော့ သူလိုက်လာသင့်တာ သူဘာလို့ ထားခဲ့ရတာလဲ ရှင်းပြသင့်တာ မဟုတ်ဘူးလား
ခုတော့ သူမျှော်လင့်သလိုမဟုတ် အရာအားလုံးက အေးတိအေးစက် သူ့နာမည်လေး မှတ်မိသေးတာကိုပဲ ကျေးဇူးတင်ရမလို…………
luhan အိမ်ရောက်တော့ 9:00
"မင်း ထီးမပါသွားပြန်ဘူးမလား luhan ထုံးစံအတိုင်း မိုးရေတွေ ရွှဲလို့ သွား အဝတ်မြန်မြန်သွားလဲချည် အမေ ထမင်းခူးထားလိုက်မယ်"
"ကျွန်တော် မစားတော့ဘူး အမေ တန်းအိပ်တော့မယ်"
အမေ့ ဆီမှ ဘာစကားမှ ထပ်မထွက်လာခင် အခန်းထဲ အမြန်ဝင်လာခဲ့တယ် အခန်းထဲက အသင့်စောင့်ကြိုနေတဲ့ ဖဲမွေ့ယာကုတင်ပေါ် ပစ်လှဲလိုက်ပီး ခုနက တောင့်ခံထားမျှ မျက်ရည်တွေ ပါအတိုးချ ငိုပလိုက်မိတယ်
"oh sehun မင်းသိပ်ရက်စက်တယ် လူဆိုးကြီး လူမိုက်ကြီး အသည်းနလုံး မရှိတဲ့အကောင် အချစ်ဆိုတာ နားမလည်တဲ့အကောင် မင်းကို မုန်းတယ် သိပ်မုန်းတယ် အရမ်းချစ်မိလို့ အရမ်းမုန်းတယ် ဟင့် အီး ဟီး ဟီး"
Flash back~~~~~
"lu"
"wae"
"lu"
"wae hun ah"
"lu လို့ဆို"
"ဘာလဲကွာ hun သူများနာမည် အလကားရတိုင်း ခေါ်နေတာပဲ "