ခါတိုင်းညတွေလိုပါပဲ အိပ်လို့မပျော်ဘူး ထထိုင်ပြီး နာရီကြည့်လိုက်တော့ မနက် 3 နာရီပဲရှိသေးတယ် ပြတင်းတံခါးကနေ အပြင်ကို လှမ်းကြည့်လိုက်တယ် မိုးလေး ဖွဲဖွဲရွာနေတာပဲ အော် ဘာလိုလိုနဲ့ မိုးတွင်းတောင် ပြန်ရောက်လာပြီ
ဟူး ……………
ခေါင်းက ဆံပင်တွေကို လက်နဲ့ ဖွလိုက်တယ် အမှတ်မထင် စားပွဲပေါ်က ဓာတ်ပုံလေးကို ကြည့်လိုက်မိတယ် အဲ့ဓာတ်ပုံလေးက
ကျွန်တော့်ကို အတိတ်တွေဆီကို ခေါ်ဆောင်သွားပြန်ပြီ
ဇွန်လ 3 ရက်နေ့
တိတိကျကျပြောရမယ်ဆို 2012 ဇွန်လ 3 ရက် ကိုရီးယား စံတော်ချိန် မနက် 9 နာရီနဲ့ 45 မိနစ် သေချာတယ် စက္ကန့်တောင် မစွန်းသေးဘူး
ကျွန်တော်က High school နောက်ဆုံးနှစ်
အတန်းထဲမှာ အမြဲအဆင့် 1
ဘတ်စုံထူးချွန်တဲ့ကျောင်းသားတစ်ယောက်
သေသေချာချာပြောရမယ်ဆိုရင်တော့ ဖြစ်ခဲ့ဘူးတာ အဲ့အဓိပ္ပါယ်က ခုမဟုတ်တော့တဲ့ သဘော!
ကျွန်တော် လူတစ်ယောက်ကို အရမ်းရူးသွပ်ခဲ့ဖူးတယ် အခုချိန်ထိလို့ပြောလည်း ရပါတယ် သူ့ကြောင့် အရာ
အရာအားလုံးကို စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိလာခဲ့တယ် စာက လွဲပြီး စိတ်မဝင်စားတဲ့ကျွန်တော် အချိန်တိုင်းလိုလို သူ့အကြောင်းပဲ တွေးနေမိတယ်
Throwback!
အမြဲလို ကျောင်းကို ပုံမှန်စောစောလာ Library မှာစာလုပ်တာ ကျွန်တော့အကျင့်
အတန်းတက်ခါနီးမှ အခန်း ထဲဝင်တက်တာဗျ
"ဒီမှာ ရှေ့က ချာတိတ် "
အသံတော့ ကြားတယ် ကျွန်တော်က final year ဆိုတော့ ကျွန်တော့ခေါ်တာ မဖြစ်နိုင်ဘူးထင်ပြီး လှည့်မကြည့်ဘူး
"အရှေ့က တစ်ယောက် ခေါ်နေတယ်လေ မကြားတာလား လေကျယ်တာလား"
"လေသံက နည်းနည်းမာတော့ ကျွန်တော် ဘယ်သူ့ကိုခေါ်လဲဆိုပြီး ဘေးဘယ်ညာကြည့်တော့ ပတ်ပတ်လည်မှာ တစ်ယောက်မှာ မရှိဘူး