Démarrer

928 45 8
                                    

(1)We can only learn to love by loving

......................................................
မနက်စောစော ဟန်မြစ်ရဲ့ ဘေးက လမ်းမှာ ပြေးဖြစ်ခဲ့တယ်။ ရာသီဥတုကမြူတွေအုံ့နေသလို နှင်းကျနေသလိုဖြစ်နေတော့ လမ်းကိုတောင် သေချာကြည့်ပြီး ပြေးနေရတဲ့ အခြေအနေမျိုး။

ရုတ်တရက်ပဲကျွန်တော့်ဆီကိုဘဲပြေးလာနေတဲ့ မြင်ကွင်း။

" အ အော် လူတစ်ယောက်လုံးကိုတောင် ဝင်ပြီးတိုက်ရသလား"

" ဆောရီး ဆောရီးပါ ကျွန်တော် အလျင်လိုဖြစ်နေတာမလို့ပါ အဆင်ပြေရဲ့လား "

" ပြေပါတယ်... "

" အဲ့ဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး"

" အမ်... "

မြူကြားထဲကနေဆိုတော့ ပြောသာပြောနေတာ အကျီအရောင်ကလွဲပြီး ကျန်တာကို သူမြင်ရတာ မဟုတ်။

" အော် ဒုက္ခ ငါလည်းအတိုက်ခံရသေးတယ် ဘာမှလည်း မပြောသွားတဲ့ အပြင် တန်းလန်းကြီး ထားခဲ့ခံရသေးတယ်။ လူတွေများနော် သိပ်ကို တစ်ကိုယ်ကောင်းဆန်တာဘဲ"

Jeno က သူ့ဆီကနေ ပြေးထွက်သွားတဲ့ Hoodie နို့စိမ်းရောင် ဦးထုပ်အဖြူရောင်နဲ့ ကောင်လေးရဲ့
ကျောပြင်ကိုသာကြည့်ရင်း သက်ပြင်းသာချမိနေတော့တယ်။
------------------------------------------------------

ကျောင်းကန်တင်းရဲ့ စားပွဲမှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်။

" Ya! Lee Haechan မင်းကိုကြည့်လိုက်တာနဲ့ဆူပုတ်နေတာဘဲနော် မနက်ကြီးကိုကွာ စိတ်ပျော်အောင် မျက်နှာလေးချိုချိုသာသာနေပါဟ "

" Huang Renjun ဆိုသည်မှာလည်း!!! ငါ့ကိုဆို ခဏခဏပြောဆိုနေတာဘဲ။ ငါ့ငါဟိုဖက် အတန်းက သူတွေကို ကြည့်တာ မင်းကို ကြည့်နေတာလည်းမဟုတ်ဘူး"

" ဟိုက မင်းကို ဘာလုပ်နေလို့လဲ"

" ဟော ဟိုမှာ ဟိုက သုံးယောက်ထဲက အကျီအမဲရောင်နဲ့ သူကိုတွေ့လား!? "

" အင်း ဘာလဲကြိုက်လို့လား"

" မင်းကြီးတော်ကြီးကို ကြိုက်! သူဟိုနေ့က ငါ့ဆီကနေ Cinema Tickets လုသွားတဲ့ သူလေ"

" ဟမ်?! "

" ဟ! lee Jeno မုန့်လိုက်ကျွေးမယ်ဆိုပြီး
ဂျင်းထည့်တဲ့နေ့ကလေ "

1000HoursWhere stories live. Discover now