Gorgeous

264 29 0
                                    

Love all, trust a few, do wrong to none

.................................................................

အဲ့နေ့က တကယ်ပျော်ခဲ့ရတယ်... သူ့ပါးကိုကော ကိုင်လိုက်ရတယ် ပြီးတော့သူ့ဆီ ဂရုစိုက်တာကော ခံလိုက်ရတယ်။ ဒါမဲ့ သူ့ကို အခုထိ နားကိုမလည်နိုင်သေးဘူး။

" Jeno! Jeno! မင်းအထိုးခံရတယ်ဆို ပြစမ်းမျက်နှာ အရမ်းယောင်သွားလား? "

Haechan ကမျက်နှာကို ပိုင်စိုးပိုင်နက်လိုမျိုးဆွဲ
လှည့်လိုက်တယ်။

" Ya!!! နာပါတယ်ဆိုနေမှ"

" အများကြီးထိသွားတာဘဲ မင်းပြန်မထိုးဘူးလား jeno?"

" ထိုးတာပေါ့ ဒါမဲ့သူတို့က ၇ယောက်လောက် ငါတို့က
နှစ်ယောက်ဘဲလေ"

" နှစ်ယောက်? နှစ်ယောက်က ဘယ်သူလဲ? Chenle လား? ဟာ မဟုတ်တာ အကိုတောင် ဒီလောက်ကြောက်တတ်တာ သူဆို ချရဲမှာတောင် မဟုတ်ဘူး"

" စော်ကားလိုက်တာကွာ တစ်ယောက်တောင်မဟုတ်ဘူး ငါ့ကိုပါ ပြောလိုက်သေးတယ်"

" အဲ့ဆို ဘယ်သူလဲလို့"

" Jaeminnie "

" ဘာ!!! ဟို Na..... မင်းသူနဲ့ရှိရင် ဒဏ်ရာရလာတာ များပြီနော် Jeno နောက်တစ်ခါဆို ငါသည်းမခံဘူးနော်"

" .... "

" Haechan ရာ မင်းခံစားချက်ကို နားလည်ပင်မဲ့
သူလည်း အဲ့လိုဖြစ်ဖို့ တမင်ရည်ရွယ်တာမှ မဟုတ်ဘဲ"

" မဟုတ်ဘူး Jeno! ရည်ရွယ်တာမရည်ရွယ်တာ အသာထားစမ်းပါ မင်းဟိုတစ်ခေါက်သူနဲ့ ရှိတုန်းကလည်း ခေါင်းမှာဒဏ်ရာရလာတယ် ဟော!!! အခုလည်း အထိုးပါခံရတယ်"

" Lee Haechan ရယ် မင်းနားမလည်တာတွေ အများကြီး ရှိတာ မလို့ မရှင်းပြတတ်တော့ဘူး နောက်မှ ဘဲ အေးဆေး ရှင်းပြတော့မယ် မင်းကို"

" ပြီးရော.... "

" မင်းတို့ ညအားတယ်မလား? "

" အားတယ်လေ "

" Universe Bar သွားကြမလား ငါဒကာခံမယ်လေ"

" အိုခေလေ ရတယ် renjun ကိုခေါ်ထားလိုက်မယ်"

" ပြီးရော.... ညသွားထားနှင့် ငါလိုက်ခဲ့မယ် အပြင်ကနေ"

" .... "

1000HoursWhere stories live. Discover now