Comeback

206 24 0
                                    

𝚈𝚘𝚞 𝚊𝚛𝚎 𝚊 𝚝𝚑𝚘𝚞𝚜𝚊𝚗𝚍 𝚖𝚒𝚕𝚎𝚜 𝚊𝚠𝚊𝚢
𝙱𝚞𝚝 𝚗𝚘 𝚘𝚗𝚎 𝚎𝚕𝚜𝚎 𝚒𝚜 𝚌𝚕𝚘𝚜𝚎𝚛 𝚝𝚘 𝚖𝚢
𝚑𝚎𝚊𝚛𝚝 𝚝𝚑𝚊𝚗 𝚢𝚘𝚞 𝚊𝚛𝚎 *

5𝚢𝚎𝚊𝚛𝚜 𝙻𝚊𝚝𝚎𝚛
-------------

𝐉𝐞𝐧𝗼'𝐬 𝐩𝗼𝐯

စာအုပ်လေးတစ်အုပ်ရဲ့ ရှေ့မျက်နှာမှာရေးထားတဲ့ စာသား။
ဘယ်သူ့ကို ဖော်ကြူးထားမှန်းသူမသိတော့ဘူး

| မင်းကိုလား! ကိုယ်အများကြီး သဘောကျတာပေါ့။

အသံအောအောလေးတွေက အစ လက်ဖျံရိုးက သွေးကြော
စိမ်းစိမ်းလေးတွေထိ မြတ်နိုးရတာမို့ ငေးကြည့်ရုံနဲ့တင် ကျေနပ်ပါပြီ။

ဘယ်သူပြောတာမှ နားမထောင်တဲ့ ငါက မင်းစကားဆို အသေးအဖွဲ့လေးကအစ နားထောင်ချင်နေတာမျိုး။

မင်း စာလုပ်လို့ မျက်မှန်တပ်ထားရင်း မျက်မှန်ကို ပင့်တင်လိုက်တဲ့ အချိန်တိုင်း ငါ့မှာ ဘယ်ပြေးပြီး အသက်ရှူရမလဲ မသိအောင်ကို ရင်ခုန်မိတာ အမော။

မင်းနဲ့ငါနဲ့က တစ်ယောက်ကို တစ်ယောက် ချုပ်ချယ်ထားတဲ့
ဆက်ဆံရေးမျိုးလည်း မဟုတ်ဘူး။ ||

ဘယ်သူ့အတွက်ရေးထားခဲ့မှန်းမသိပင်မဲ့ ဒီစာကို ဖတ်လိုက်တိုင်း တစ်မျိုး ခံစားရပြီး ရင်ဘတ်တွေ အောင့်တဲ့ အထိ ငိုချ ချင်တာမျိုး !!!

" ရာ! ဂျဲနို စာအုပ်ကို ကြည့်ပြီး ငိုနေပြန်ပြီလား "

မျက်ရည်တွေကို သုတ်ရင်း " မဟုတ်ပါဘူး ငါရင်ဘတ်
အောင့်လာပြီး စိတ်ထွက်ပေါက်ကို ရှာနေသလို ဖြစ်နေတာမျိုး"

" မင်းတစ်ခုခု မှတ်မိလာတာလား "

" ဟင့်အင်း! "

" အခုချိန် ဘာမှ ထပ်မစဥ်းစားပါနဲ့ ဂျဲနို မင်းအတွက် ဆရာဝန်က ဘာမှ မစဥ်းစားနဲ့ ပြောတယ်မလား! မင်းခွဲစိတ်ပြီး ငါတို့ကိုတောင် မင်းတော်တော်မေ့ခဲ့တာမလား ကျန်တာကို ပြန်ပြီး memory recall မလုပ်ပါနဲ့တော့ "

1000HoursWhere stories live. Discover now