Turn Back Time

387 28 6
                                    

My Happiness is yours

--------------------------------------

Mark ဟျောင်းပြောတဲ့ ဆိုင်မှာ တကယ်ဘဲ သူရှိနေတာဘဲ။.သူဝင်တော့မဲ့ အချိန်

" Yo! ဘယ်သူများလဲလို့ Uni King ကြီးပါလား"

" ... "

" မင်းက စကားတောင် ပြန်မပြောနိုင်ဘူးဆိုတော့ ဘာလဲ ငါတို့က မင်းနဲ့ မတန်လို့လား"

" ... " ( သူကတကယ် လူ့ဂွစာလိုလေးဘဲ)

" အော် ဒီနေ့ မင်းက မင်းအချစ်လေးမပါလို့ ငြိမ်ကုတ်နေတာလား! "

Oh my! အချစ်လေးက ဘယ်သူလဲ Lee Haechan ဆိုတဲ့ သူလား?

" ဒီမှာ မင်းတို့နဲ့ စကားပြော အချိန်ပေးဖို့ လာတာမဟုတ်လို့ အားနေမယ်ဆို ဆိုင်က ထွက်သွားပေးနော်"

(ဟုတ်လှချည်လား)

" ... "

" ဟျောင့် မင်းစကား!!! ပြောတာ လွန်လာပြီ"

" ဒါလေးဘဲ ပြောတာကို အငိုလေးနဲ့ ဘာလဲ ကြောက်တာလား "

" မင်း!!! " သူ့ရဲ့ အကျီကော်လံ အလိုလိုလေပေါ်ရောက်တတ်လာပြီး လက်သီးမိုးကြီး မျက်နှာပေါ်မကျခင်

" နားငြီးလိုက်တာ"

" ... "

" ဟ ဘယ်ကောင်က နားငြီးတာလဲ"

ငါမှ မကူညီရင် ဒီကောင်​လေး အခက်တွေ့မှာသေချာတာဘဲ။

" ငါဘဲ "

" ဟင်... မင်း"

" ဟာ.. အဲ့တာ Na Company ရဲ့ သားအငယ်ဆုံးမလား ဒိုးမယ် ဒိုးမယ် "

" မင်းသတိထားနေ!!! " ဆိုပြီး ဟိုကောင်တွေစကားမဆုံးခင် သူ့ခေါင်းပေါ်ကို တုတ်ကျသွားတယ်။

အခွင့်ကောင်းဘဲပြောရမလား? သူအကောင်းမြင်ဖို့ ဒီနည်းဘဲ ရှိတော့တယ်လေ သူ့ကိုဆေးခန်းခေါ်သွားဖို့ဘဲ ရှိတော့တာပေါ့။

သူအိပ်နေတာလေးက ကလေးလိုလိုဘဲ အရမ်းဖြူစင်တယ်... ဒီလိုမျိုး အချိန်ပြည့်နီးစပ်ဖို့ ဘယ်လောက် တောင် ကြိုးစားရအုံးမလဲ!

ရုတ်တရက် သူမျက်လုံးပွင့်လာတော့

" နိုးပြီလား? "

1000HoursWhere stories live. Discover now