Part 9

724 62 1
                                    

Unicode

အချိန်တွေရက်တွေကတဖြည်းဖြည်းနဲ့ကုန်ဆုံးလာသည်နှင့်အမျှ ကလေးတွေရဲ့နွေရာသီကျောင်းပိတ်ရက်ဆိုတဲ့အချိန်ကလည်းကုန်ဆုံးလို့သွားလေသည် ။အခုဆိုရင်အထက်တန်းပထမနှစ်ကိုစတင်တက်ရောက်ဖို့အတွက်သူငယ်ချင်းတွေစုနေကြနေရာမှာတစ်ယောက်နဲ့တစ်ယောက်စောင့်ဆိုင်းနေကြလေသည်။

"ထယ်လေးမပြီးသေးဘူးလား ကျောင်းသွားမှာနော် ရှိုးသွားပြမှာမဟုတ်ဘူး "

"သိပါတယ်ကွာ ခေါင်းလေးပဲဖြီးနေတာပါ ဘာများပြင်ရသေးလို့လဲ"

"မသိဘူးမြန်မြန်ဆင်းခဲ့တော့"

"အမိန့်တော်တိုင်းပါ"

ဟွန့် မပြောချင်ဘူးခေါင်းလေးပဲဖြီးနေတာတောင်ဒီလောက်ချောမောနေစရာလိုလို့လား ကျောင်းကမိန်းကလေးတွေလိုက်ကြည့်ကြမှမြင်ယောင်သေး park jiminတို့နဂါးမျက်စောင်းလွတ်တော့မယ်

"ဂျီလေး ဂျီးလေး Ya !"

"ommaaa Ya!ဖြည်းဖြည်းခေါ်ပါ ဘာလို့အတင်းအော်နေတာလဲ "

"ဟမ် ဒီလောက်ခေါ်နေတာကြားမှမကြားတာဘယ်သူ့ကြောင်းဒီလောက်တွေးနေလို့လဲ ရုတ်ရုတ်မလုပ်နဲ့နော် Park Jimin"

"ခေါ်ပြန်ပြီ Park jiminလို့ "

"Park jiminမို့ Park Jiminလို့ခေါ်တာလေ Park jiminလို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ Park jiminခင်ဗျား"

" မောင်! "

"ဟားးးစတာပါမောင့်ချစ်လေးရယ် စိတ်ဆိုးတာကချစ်ဖို့ကောင်းလို့စတာပါ လာသွားကြမယ်ဟိုကောင်တွေ
စောင့်နေရောပေါ့"

ထယ်လည်းjiminieကိုစကာအရှေ့ကထွက်သွားလေသည်။တစ်ယောက်သောသူကတော့ခြံဝမှာအပြုံးကြီးပြုံးကာ မတ်တပ်မေ့နေလေသည်။

မောင်က ငါ့ကိုချစ်ဖို့ကောင်းတယ်တဲ့ဒီရက်ပိုင်းငါ့ကိုခေါ်ရင်လဲ မောင့်ချစ်လေး မောင့်ချစ်လေးနဲ့ ရင်ဘက်ထဲကအကောင်ကလည်းခုန်ပေါက်နေတာငြိမ်ကိုနေဘူးကြာရင်ငါတော့ရူးတော့မယ်ထင်တယ်မောင် ဟီးး

~~~ မူပိုင်~~~ (Completed)Where stories live. Discover now