Part (1)

5.9K 124 2
                                    

✧Part(1)✧

2018ခုနှစ်

"The Heart" စံအိမ်...

စံအိမ်ရဲ့အောက်ထပ်ပိုင်းမှာ The Heartစံအိမ်ရဲ့အငယ်ဆုံးသမီး သီတာနှင်းရဲ့စေ့စပ်ပွဲကြောင့် အိမ်စေဝန်ထမ်းတွေ အလုပ်ရှုပ်နေကြသည်။

အပေါ်ထပ် လှေကားခြေရင်းအခန်း၌...

"ထက်ထက် ထစမ်း...မြန်မြန် ဒီနေ့အရေးကြီးတဲ့ပွဲရှိတယ်လို့ပြောထားတာ မထသေးဘူးလား "

မနက်(၉)နာရီအချိန် ဒေါ်သဇင်ထက်က သမီးဖြစ်သူ ခိုင်မြဲသထက်‌ကို ဆူပူကာနိုးသည်။

မနေ့ညကတည်းက အဒေါ်ဖြစ်သူစေ့စပ်ပွဲရှိ၍ စောထဖို့ပြောထားပေမဲ့ (၉)နာရီထိုးသည်အထိ အောက်ထပ်ဆင်းမလာတာကြောင့် လာနှိုးရခြင်းဖြစ်သည်။

"အား...မေမေကလည်း သီသီစေ့စပ်တာ ထက်ထက်နဲ့မှမဆိုင်တာ "

"ထပါ ထက်ထက်ရယ်...မဂျစ်စမ်းနဲ့ "

"ထက်ထက်အိပ်ချင်သေးတယ် "

ခိုင်မြဲသထက်ကတော့ မျက်စိပင်ဖွင့်မလာဘဲ အတွန့်တက်နေသေးသည်။

"အိပ်လို့မရဘူး သီသီနဲ့စေ့စပ်မဲ့သူက ရင်းနှီးတဲ့သူတွေ သူတို့လာရင် သမီးကိုမေးမှာပဲ...ကလေးဖြစ်ပြီး အိပ်နေတယ်လို့ပြောရင် မယဉ်ကျေးသလိုဖြစ်မှာ ဒါကို ထက်ထက်နားလည်ရင် ထ..."

ဒေါ်သဇင်ထက် ထိုသို့ပြောမှ ထက်ထက် မထချင်၊ထချင်နဲ့ ကုန်းထကာ မျက်လုံးပင်သေချာမဖွင့်နိုင်ဘဲ ရေချိုးခန်းထဲဝင်သွား၏။

ဒေါ်သဇင်ထက် သမီးဖြစ်သူကိုကြည့်ပြီး ခေါင်းခါကာ ဝတ်ဖို့အဝတ်အစားကိုထုတ်ပေးထားပြီး အောက်ထပ်ဆင်းကာ ကူရပြန်သည်။
ယောက္ခမအိမ်မှာဆိုတော့ အလိုက်သိသင့်သည်လေ။

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

"ဟော အောက်မှာ ဘွားမေတို့ရောက်လာပြီ "

ဒေါ်သဇင်ထက် ရုတ်တရက် ဘွားမေဆိုပြီး နာမည်ထွက်သွားသည်။ စိတ်က တားလိုက်ပေမဲ့ အချိန်မီမထိန်းနိုင်ခဲ့ပေ။

"ဘွားမေက ဒီကိုဘာလို့လဲ "

ဒေါ်သဇင်ထက် သမီးဖြစ်သူရဲ့မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်သလိုမေးလာသည့်မေးခွန်းကြောင့် ရင်မောသွားရ၏။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now