Part(10)

3K 99 1
                                    

✧ အချစ်...ဦး ✧

✧Part(10)✧

"ဟာ..."

သွားပြီ။ ည(၈)နာရီအချိန် ထက်ထက်ရေချိုးခန်းထဲဝင်ကာ သန့်ရှင်းရေးလုပ်ရသည်။ ဘောင်းဘီတစ်ခုလုံးလည်းပေပွလို့။ ထက်ထက်ကဒီလိုပဲ။ သွေးထွက်ရင်လည်း တော်ရုံနဲ့မတိတ်တတ်။

သန့်ရှင်းပြီး ပြန်ထချိန်မှာ ခေါင်းက မိုက်ခနဲ...

ဘေစင်ကို လှမ်းကိုင်လိုက်ပေမဲ့ မမိလိုက်။ လဲကျသည့်အကျိုးကျေးဇူးအနေနဲ့ ထက်ထက်ခေါင်းနဲ့နံရံနဲ့စောင့်မိပြီး လူကမူးဝေသွားကာ ပြန်မထနိုင်တော့။

"ထက်ထက်..."

ခွန်းရဲ့ခေါ်သံကိုနောက်ဆုံးကြားလိုက်ရတာဖြစ်သည်။

ထက်ထက်နိုးလာတော့ အိပ်ယာပေါ်ပြန်ရောက်နေပြီဖြစ်သည်။ ဘေးမှာ ခွန်းနဲ့အတူ ညနေက ဦးလင်းရိပ်ပါရှိနေ၏။

"သတိရလာပြီလား ညီမလေး "

"ထက်ထက်ကလေးအထူးကုနဲ့မကုချင်ပါဘူးဆို"

စူပုတ်ပုတ်ပြောကာ ထထိုင်သည်။

"ကလေးအထူးကုပေမဲ့ အားလုံးတတ်တယ်...သူက အထွေထွေကိုတော်ပြီးသား "

ထက်ထက်က ခွန်းပြောတာကို မသိသလိုနဲ့ မျက်နှာလွှဲသည်။

"ညီမလေး သွေးအားအရမ်းနည်းနေတယ် အသားအရေက ဖြူဖျော့နေတာပဲ အစ်ကိုပေးတဲ့ဆေးကို သောက်ပေးနော် "

မထွက်သွားခင် သေချာမှာသွားသည်။ ထက်ထက်ကတော့ ဘာမှမပြောဘဲ ခပ်တည်တည်သာ။

ခဏကြာတော့ ခွန်းက ဆန်ပြုတ်ပန်းကန်နဲ့အတူ အထဲဝင်လာသည်။

"အစာစား..."

"အင်း "

လင်းရိပ်ရှိလို့သာစကားအကောင်းမပြောတာ။ ဘယ်သူမှမရှိရင် ခွန်းပြောသမျှဆို နာခံသည်။

"ဒါပြီးဆေးသောက်ရမယ် "

"အင်း "

ခွန်းကျွေးသမျှကိုစားကာ ဆေးလည်းသောက်သည်။ ထက်ထက်ဆိုတာ အဲ့လို။ လိမ္မာရင်လည်းနှစ်ယောက်မရှိအောင် လိမ္မာသည်။ ဆိုးရင်လည်း ဘယ်သူနဲ့မှကို မတူတာ။

"အိပ်လို့အဆင်ပြေလား "

"ခွန်းချော့သိပ် "

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now