Part(27)

3K 83 5
                                    

✧ အချစ်...ဦး ✧

✧Part(27)✧

"ထက်ထက် "

သုံးလေးရက်အကြာမှာ နှောင်းနဲ့လျှံရောက်လာသည်။ မျက်နှာမကောင်းကြပေမဲ့ အပြုံးနဲ့ဖုံးကွယ်ကာရောက်လာ၏။

"ဘာလာလုပ်တာလဲ "

ထက်ထက်လေသံကမာ၏။ သူ့ကိုလူနာလိုဂရုစိုက်မှာကိုမလိုလား၍ဖြစ်သည်။

"ဆေးရုံတက်နေရတယ်ဆိုလို့ လာတာ...
အခန်းက အကောင်းစားပဲနော် အိမ်အတိုင်းပဲ"

သူငယ်ချင်းတွေကလည်းသိ၏။ ဒါကြောင့်ပဲ ပြုံးပြုံးကြီးနဲ့ရောက်ချလာကြတာမဟုတ်လား။

"နင်တို့ပါတက်ချင်သွားပြီမလား..."

ထက်ထက်မှရယ်ကာ မေးလျှင်...

"တက်ရမလား..."

နှောင်းမှ သူမနား‌ထိုင်ကာ ပုခုံးချင်းတိုက်ရင်းမေး၏။

"ပေါက်ကရတွေ နင်တို့က ဘာလို့ဆေးရုံတက်ရမှာလဲ "

"ကံတရားဆိုတာပြောလို့မရဘူး ထက်ထက်ရ..."

"ကံတရားရား၊မရားရား နင့်မှာကိုကြီးရှိသေးတယ် စကားပြောဆင်ခြင်စမ်း နှောင်း "

"အင်းပါ ကိုကြီးဆိုမှာ
လေ ငါနဲ့ကိုကြီးကျောင်းပိတ်ရက်မှာ လက်ထပ်ရမယ်တဲ့..."

"ဒါဆို နောက်ဆုံးနှစ်ကို နင်က လင်ယူပြီးမှတက်ရမှာပေါ့ "

"အဲ့တာပြောတာ ငါcrushပြောင်းလို့မရတော့ဘူး"

"အသံသွင်းထားလိုက်ပြီ နင့်ကိုကြီးမဟာကိုသွားဖွင့်ပြမယ် "

နောက်ဆုံး လျှံကပါစကားဝင်ပြောလာ၏။ လျှံ့စကားကြောင့် နှောင်းလန့်သွားကာ လျှံကိုရိုက်သည်။ ထိုအခိုက် ထက်ထက်ရယ်မိပါသည်။ သူငယ်ချင်းတွေက သူမကိုနားလည်ပေးလို့ ပျော်ရပါသည်။

နှောင်းကပြန်ခါနီးမှာ သူမကိုဖက်ကာ...

"ငါ့မင်္ဂလာဆောင်မှာ နင်မရှိရင်မဖြစ်ဘူးထက်ထက်...သတိုးသမီးအရံလုပ်ပေးမယ်ဆိုပြီးပြောဖူးတဲ့စကားကို ဆက်ဆက်တည်ပေးရမယ်...မဟုတ်ရင် ငါလက်မထပ်ဘူး "

ထက်ထက်ပြောဖူးသည်။ သူမနဲ့ခွန်းလက်မထပ်ခင်အခါတုန်းက...

"နင်သာ ကိုကြီးနဲ့ညားနိုင်မယ်ဆိုရင် ငါလည်းခွန်းကိုရအောင်ယူပြီး နင့်ဘေးမှာ သတိုးသမီးအရံလုပ်ပေးဦးမှာ " ဆိုပြီးဖြစ်သည်။ အဲ့တုန်းက ခွန်းစေ့စပ်ပွဲမတိုင်ခင်ကပြောခဲ့သည့်စကား။ သူစေ့စပ်လိုက်လို့သာ ခွန်းနဲ့သူမက အရင်လက်ထပ်ဖြစ်ခဲ့တာ။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now