Part(6)

3.1K 102 2
                                    

✧Part(6)✧

သီသီနဲ့‌အမျိုးတွေ အောက်ထပ်မှာ စကားပြောနေကြစဉ်မှာ ခွန်းရောက်လာတာဖြစ်သည်။

ခွန်းကိုပါ စကားခေါ်ပြောကြရင်းမှ ရုတ်တရက် ဝမ်းကွဲအဒေါ်တစ်ယောက်က ခွန်းလက်နဲ့သီသီ့လက်ကို တွဲပေးလိုက်သည်။

"ကြည့် ဒီနှစ်ယောက်ကမှ လိုက်ဖက်တာ...ထက်ထက်သာ ဝင်မဖျက်ရင် သူတို့က အလိုက်ဖက်ဆုံး စုံတွဲတွေပဲ "

"ဟုတ်တယ် "

အားလုံးကလည်းထောက်ခံကြသည်။

"ဒါက ဘာလုပ်နေကြတာလဲ "

ခွန်းဘာဖြေရှင်းချက်မှမပေးရသေးခင် ထက်ထက်အသံကြောင့် သူတို့အားလုံးရဲ့အကြည့်က ထက်ထက်ဆီကိုဦးတည်သွား၏။ သူတို့မျက်နှာမှာ အားနာရိပ်စိုးစိမျှမရှိပါ။

"ထက်ထက် "

ခွန်းလက်ကိုရုတ်သိမ်းလိုက်တော့ သီသီလည်းသိမ်းသွားသည်။

"ဒေါ်ဒေါ်တို့ကစနေကြတာပါ ထက်ထက်...စိတ်မဆိုးပါနဲ့ "

သီသီက အရင်ဆုံးကြားဝင်ပြောသည်။

"စိတ်မဆိုးပါဘူး...ဒါပေမဲ့ ထက်ထက်ရှေ့မှာတော့ အရှက်ရှိသင့်တယ်နော် ဒေါ်ဒေါ်တို့...အိမ်ထောင်ရှိယောက်ျားကို တခြားမိန်းမလည်းမဟုတ် ‌စေ့စပ်တဲ့သူနဲ့ပေးစားနေကြတာ မိန်းမကောင်းတို့လုပ်ရပ်မဟုတ်ဘူး "

"ဘာ!.."

"အိုး ထက်ထက် ဒီလိုမပြောပါနဲ့...သီသီက စနေတယ်ထင်လို့ငြိမ်နေမိတာ "

သီသီက မျက်နှာကြီးနီပြီး ပြာပြာသလဲဝင်ရှင်းပြရှာသည်။

"တစ်ကယ်ဆို ဒါက ညည်းကြောင့်ပဲ မဟုတ်လား...ငါတို့ပြောတာ မှားနေလို့လား...တစ်ကယ်ဆို သီသီနဲ့ခွန်းကမှ တစ်ကယ့်စုံတွဲစစ်စစ်...အရှက်မရှိတာဆို ညည်းပဲဖြစ်မှာ"

အဖေ့ဘက်ကအမျိုးဆိုသည့်အတိုင်း အဖေမရှိကတည်းက ဒီအမျိုးတွေက ထက်ထက်အပေါ်မကြည်ဖြူကြတော့ပေ။

"ရှင် လွန်မလာနဲ့နော်...ခွန်းနဲ့သီသီက ချစ်လို့မဟုတ်ဘဲ ပေးစားကြတာ ဘယ်သူတွေရဲ့လက်ချက်မို့လဲ "

ထက်ထက်ကလည်း တစ်ခွန်းမခံပြန်ပက်သည်။ သူတို့သာ Shin Groupကိုပါ မမက်ရင် သီသီနဲ့ခွန်း‌ဆိုတာ လက်ထပ်ဖို့အဝေးကြီး။ ဒါဆို ထက်ထက်လည်း ဒီလိုယုတ်မာတဲ့လုပ်ရပ်မျိုး လုပ်ရမှာမဟုတ်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now