အပိုင်း ၁ ယွီယွဲ့တိုင်းပြည်

622 23 0
                                    

ယွီယွဲ့တိုင်းပြည်
《玉月》

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်တုန်းကကျယ်ပြန့်တဲ့ အပူပိုင်းဒေသတခုမှာ
ယွီယွဲ့ပြည်ဆိုတဲ့ တိုင်းပြည်သေးသေးလေးရှိခဲ့တယ်ယွီယွဲ့ပြည်က ချမ်းသာပေါကြွယ်တဲ့တိုင်းပြည်တစ်ခုဆိုလားလို့ပြောပြန်ရင်လည်းမဟုတ်ခဲ့ပေ။ တိုင်းပြည်ရဲ့ကြွယ်ဝ ချမ်းသာခြင်းက

သာမန် အလယ်လတ်တန်းအဆင့်မှာပဲရှိတယ်။အဓိကအကြောင်းအရင်းကတော့ တိုင်းပြည်က အပူပိုင်းဒေသမှာရှိ‌ေနတာကြောင့်ပင်။အပူချိန်မြင့်မားပြီးမုန်တိုင်းအလွန်များတာကြောင့် တိုင်းပြည်ရဲ့ စိုက်ပျိုးရေးကုန်သွယ်ရေးကသာမန်အတိုင်းအတာတခုထိသာလုပ်နိုင်သည်။ 

အနီးနားကတိုင်းပြည်တွေသည်လည်း ဤတိုင်းပြည်အသေးလေးကို သိမ်းပိုက်ကြဖို့လည်းစိတ်မဝင်စားခဲ့ကြ‌ေပ။ယွီယွဲ့တိုင်းပြည်သည် အပူပိုင်းအလယ်တည့်တည့်မှာရှိသည့် တိုင်းပြည်တခုဖြစ်ပြီး နွေရာသီမှာဆို အပူဒဏ်လွန်ကဲပြီး ၊မိုးရာသီမှာဆို မုန်တိုင်းတိုက်ခတ်တာများသည် ဒေသတခု ဖြစ်သည် ။ သို့ကြောင့် အနီးနားက တိုင်းပြည်တွေက  အပူဒဏ်ခံ မိုးဒဏ်ခံ စစ်စရိတ်အကုန်အကျခံပြီး တိုက်သိမ်းဖို့ ဘယ်အနီးနားတိုင်းပြည်မှ စိတ်မဝင်စားကြသဖြင့် အေးချမ်းသာယာသည့် တိုင်းပြည်အဖြစ်တည်ရှိနိုင်ခဲ့သည်။

ယွီယွဲ့တိုင်းပြည်မှာ ၁၇နှစ်အရွယ် ယန်ရွှယ်ဆိုတဲ့ အိမ်ရှေ့စံမင်းသားတဉီးရှိသည် ။ အိမ်ရှေ့စံရဲ့ ဘွဲ့အမည်က ချင်းယွီ ၊အမည်နာကတော့ ယန်ရွှယ်ဖြစ်သည် ။ ချင်းယွီအိမ်ရှေ့စံကို မိဘတွေဖြစ်သည့် မင်းကြီးနဲ့မိဖုရား‌ေခါင်တို့က နန်းတော်မှာ မကြီးပြင်း‌ေစခဲ့ဘူး။ ချင်းယွီအိမ်ရှေ့စံကို  သူ့အသက်၇နှစ်ကစပြီး နန်းတော်ကနေ ထွက်ခွာစေကာ ဝမ်းကွဲအစ်ကို‌ေတာ်နဲ့ အတူတောင်ပေါ်မှာပဲ ပညာသင်ရင်းအချိန်တွေကုန်ဆုံးေစခဲ့တယ်။ပညာသင်ဖို့ဆရာတင်သာမက၊ အိမ်ရှေ့စံကို အလုပ်အကျွေးပြုဖို့ပါမကျန်  အထူးရွေးချယ်ထားတဲ့သူတွေကိုပဲ စေလွှတ်ခဲ့သည်။ အိမ်ရှေ့စံကိုလူတွေနဲ့ သိပ်မထိတွေ့စေခဲ့ဘူး။အိမ်ရှေ့စံရဲ့ တဦးတည်းသောစကားပြောအဖော်ကလည်းသူနဲ့အတူ နေထိုင်တဲ့ ဝမ်းကွဲအစ်ကို‌ေတာ်တယောက်ပဲရှိသည်။ဝမ်းကွဲအစ်ကို‌ေတာ်က လွတ်လွတ်လပ်လပ် သွားလာခွင့်ရပေမဲ့ အိမ်ရှေ့စံကတော့မရခဲ့ပေ။

ကျွန်တော်ရဲ့ ချစ်ရတဲ့ ချစ်ဇနီးနတ်ဘုရားလေး( 亲爱的 小神老婆)Место, где живут истории. Откройте их для себя