အခန်း ၅ ငြိမ်းချမ်းနေတဲ့သူ့ကို အနာတွေ မစွနဲ့

87 10 0
                                    

ယွီယွဲ့တိုင်းပြည် ချင်းယီ ဘုရင် လက်အောက်မှာ လက်အောက်ခံ မိစ္ဆာ၄‌ေယာက်ရှိသည်။ သူတို့ကို ပြည်သူတွေအတော်လေးမြင်ဖူးကြတယ် ဘုရင်ရဲ့ လုံခြုံရေးသာမကပဲ နန်းတော်ရဲ့ တာဝန်အသီးသီးကိုလည်းကိုင်တွယ်ကြရသည်။

သူတို့ဘယ်ကနေလာသလဲဆိုတာကို ချင်းယီ နဲ့ ဝမ်းကွဲအစ်ကိုတော်ကလွဲရင် ဘယ်သူမှ မသိဘူး ထူးခြားတာက သူတို့ရဲ့ ညာဘက်လက်ဖမိုးမှာ အဖြူရောင် လခြမ်းပုံသဏ္ဍာန်လေးကိုယ်ဆီရှိကြသည်။ ထိုလခြမ်းပုံ သည် ချင်းယီ ၏ လက်အောက်ခံ အဖြစ်နေမိဖြစ်ကြောင်း ကတိကဝတ်ပြုထားသည့် အမှတ်အသားပင်။
ချင်းယီ ဘယ်‌ေနရာမှာပဲရှိနေရှိနေ ဆင့်ခေါ်လျှင် ချက်ချင်းရောက်လာကြသည်။
ထို မိစ္ဆာလေးယောက်မှာ အကြီးဆုံးမိစ္ဆာ မီးမိစ္ဆာ ၊ မိုးကြိုးမိစ္ဆာ၊ နှင်းမိစ္ဆာနှင့် လေမိစ္ဆာ စုစုပေါင်း လေးယောက်ဖြစ်သည်။

ကျန်ယီ က မိစ္ဆာ၄ယောက်ထဲတွင် ဒုတိယမြောက် မိုးကြိုးမိစ္ဆာဖြစ်သည်။သူက နန်းတော်မှာနေထိုင်စဉ် စစ်သားတွေလေ့ကျင့်ပေးဖို့ နှင့် နန်းတော်ကာကွယ်ရေးတာဝန်ကိုယူရသည်။

ကျန်၃ယောက် ကလည်းထိုနည်းလည်းကောင်း နန်းတော်ရဲ့ တာဝန်တွေကို ကိုင်တွယ်ရသည်။

၄ယောက်မြောက်အနက် တတိယမြောက် နှင်းမိစ္ဆာဆိုလျှင် ပြည်သူတွေ့ကို လေ့လာစောင့်ကြည့်ဖို့ အမတ်တွေကိုစောင့်ကြည့်ဖို့တာဝန်ယူရသည်။

စတုတ္ထမြောက် လေမိစ္ဆာသည်ကား နန်းတော်ရဲ့ ဘဏ္ဍာရေးကိုတာဝန်ယူရသည်

အကြီးဆုံး ဖြစ်သည့် မီးမိစ္ဆာသည် ချင်းယီ နှင့် ထပ်ကြပ်မခွာနေရပြီး ချင်းယီ၏ လုံခြုံရေးနှင့် အမိန့်တော်ထုတ်ပြန် သည့်တာဝန်ကိုယူရသည်။

မိုးကြိုးမိစ္ဆာ ကျန်ယီ သည် မူလက ကောင်းကင်၏ မိုးကြိုးနတ်ဘုရားပင်။

လွန်ခဲ့သော နှစ် တထောင်လောက် ကောင်းကင်ဘုံတွင် ကျန်ယီ သည် နတ်ဘုရားဧကရာဇ်ချင်ရိ ၏ တဖက်သတ်ချစ်ရသူ သံတော်စဉ်စာပို့နတ်ဘုရားလေးကို တိတ်တဆိတ်ကာကွယ်ဖို့ တာဝန်ပေးခံရသည်။

သို့သော် အဆုံးတွင် ထိုစာပို့နတ်ဘုရားလေးသည် သုံးလောက၏ အင်အားအကြီးမားဆုံး နတ်မိစ္ဆာနှင့်ချစ်ကျွင်းဝင်သည့် အပြင် မိမိ၏ နတ်ဘုရားတာဝန်ဖြစ်သည့် သံတော်စဉ် စာပို့ နတ်ဘုရားတာဝန်ကိုပါစွန့်လွတ်ကာ နတ်မိစ္ဆာနှင့် အတူ လက်ဆက်သွားခဲ့သည်။ဤသည်သာမကာ နတ်ဘုရားလေးသည် နတ်ဘုရားတာဝန်ကိုစွန့်လွတ်မိ၍ အပြစ်ပေးခံရကာ နတ်သက်ကြွေသွားခဲ့ရသည်။

ကျွန်တော်ရဲ့ ချစ်ရတဲ့ ချစ်ဇနီးနတ်ဘုရားလေး( 亲爱的 小神老婆)Where stories live. Discover now