part10

189 16 2
                                    

" ဟဲ့ ရေချိုးရင်လည်းမြန်မြန်ချိုးဦး တော်ကြာနေမကောင်းဖြစ်နေမယ် "

အိမ်နောက်ဖေးတွင်ရေချိုးနေသော သမီးဖြစ်သူကိုဒေါ်ပုလည်း၍အော်လိုက်ခြင်းဖြစ်သည်။

" ဟုတ်"
ဖိုးချိုလှမ်းပြောသည်ကြားပြီးသည်နှင့်ထမင်းဝိုင်းပြင်ရင်မီးဖိုချောင်ထဲသို့ဝင်၍သွားတော့သည်။

ရွှာဦးဘုန်းကြီး ကျောင်းတွင်အလှူလာလုပ်သော မြို့ကမိသားစုထဲမှ သူဌေးသားဖြစ်သူဦးအောင်မောင်းနှင့်အကြောင်းပါ၍ ချစ်ကြိုက်ခဲ့ကြသည်။ ဦးအောင်မောင်းဘက်က မိသားစုမှမည်သို့မျှသဘောမတူနိုင်ကြောင်းပြောသော်လည်းဦးအောင်မောင်းနှင့်ဒေါ်ပုတို့မှာနှလုံးသားဆန္ဒအားလိုက်လျောခဲ့ကြပြီးဝါးပုံရွှာထဲတွင်အခြေချနေထိုင်ခဲ့ကြသည်။

ဦးအောင်မောင်း၏ မိဘ ၊ အမများက ပြောမရသည့်အဆုံးဦးအောင်မောင်းအားအမွေပြတ်စွန့်လွှတ်ခဲ့ကြသည်။ဦးအောင်မောင်းမှာသူဌေးသားပီပီ တောအလုပ်များမလုပ်ကိုင်တတ်၍ ဒေါ်ပုသာလုပ်ကိုင်ရှာဖွေရသည်။ ဒေါ်ပုတို့လင်မယားနှစ်ယောက်ဘဝထဲသို့သားဖြစ်သူအောင်မင်း ရောက်ရှိလာသည့်အခါမှာတော့ ဦအောင်မောင်းမှာ သူ၏အပေါင်းအပါများနှင့်အရက်သေစာသောက်စားနေတတ်ပြီဖြစ်သည်။ သားတစ်ဖက်နှင့်စားဖို့ရှာရသည့်အထဲ ယောက်ကျားဖြစ်သူဦးအောင်မောင်းအတွက်အရက်ဖိုးပါရှာရတော့သည်။ ဒုက္ခပင်လယ်ဝိုင်းနေရင်းက သူတို့၏မိသားစုထဲသို့သမီးလေးတစ်ယောက်ဝင်ရောက်လာခဲ့သည်။အရက်သေစာသောက်စားပြီးတိုင်းမိန်းမနှင့်သားသမီးများကိုရန်ရှာတတ်သော ဦးအောင်မောင်းအားဒေါ်ပုတော်တော်ပင်စိတ်ကုန်လာသည်။မိမိရွှေးချယ်ခဲ့သောလမ်းဖြစ်သည့်အတွက်ခါးစည်းကာခံနေရသည်။

ချိုဇင်လေး၃နှစ်သမီးအရွယ်ရောက်သည့်အခါမှာတော့ဦးအောင်မောင်းမှာအရက်သေစာနှင့်အပေါင်းအသင်းကိုအလွန်ခုံမင်နေသူဖြစ်၍နေပြီဖြစ်သည်။ ​ဒေါ်ပုခင်မှာနေခင်းဘက်အလုပ်ပင်ပန်းလာသော်လည်းညဘက်တွင်ယောက်ကျားနှင့်သားသမီးများစားဖို့အတွက်ချက်ပြုတ်ရပြန်သည်။ဦးအောင်မောင်းနှင့်ရန်မဖြး်ရသည့်နေ့ဟူ၍မရှိပေ။

အသက်ထက်ဆုံးချစ်ခဲ့သော်လည်း Where stories live. Discover now