" နှင်း တို့တွေ ကူရဦးမလား "
မီးဖိုချောင်ထဲသို့ အပေါ်ပိုင်းအား သပတ်အုပ်ထားပြီးရေချိုးရန်အသင့်ဖြစ်နေကြသော ဆရာမလေး မူ၊ညို နှင့် နန်းမူတို့ဝင်လာရင်းမေးလာခြင်းဖြစ်သည်။
အိုးအားလက်ခုခု၍ တင်နေရင်းမှ အနောက်သို့လှည့်ကြည့်လိုက်တော့ဆရာမလေးများအားတွေ့လိုက်ရသည်နှင့်
" ဟာ ရပါတယ် ရေချိုးဖို့ပြင်ပြီးနေကြပြီပဲကို နှင်းလုပ်လိုက်ပါ့မယ် သွားချိုးကြနော် " ဟု ဆရာမလေးနှင်းထိပ်ထားစံ ပြောလိုက်သည့်အခါတွင်
" ဟို မူတို့သွားချိုးနှင့်ကြလေ နန်း နှင်းကိုစောင့်ပြီးလိုက်လာခဲ့မယ် "
ထို့သို့ ဆရာမလေးနန်းမူဆိုလေတော့" နန်း နှင်းကခနနေပြီးပြီ ချိုင့်လေးတွေ ယင်မနားအောင်လုပ်ပြီးရင်ပြီးပြီ လိုက်သွားလိုက်ပါ နှင်းနောက်က လိုက်လာခဲ့မယ် "
ဆရာမလေးနှင်းထိပ်ထားစံ ၏စကားအားကြားသည်နှင့် အလိုမကျသောမျက်နှာလေးဖြင့်ဆရာမလေးနန်းမူ သူငယ်ချင်းဖြစ်သူအားကြည့်၍နေလေသည်။
" မူ နန်းကိုခေါ်သွားလိုက်နော် သွားကြတော့လေ တော်ကြာဆရာမကြီးက နှင်းတို့ကို ပြန်စောင့်နေရဦးမယ်" ဆရာမလေးမူအား ဆရာမလေးနန်းမူအားခေါ်သွားရန် ပြောလေသည်။
" အဲ့တာဆို ညိုတို့သွားနှင့်မယ် " ဆရာမလေးညိုပြောလာသောစကားအား ဆရာမလေးနှင်းထိပ်ထားစံ ခေါင်းငြိမ့်ပြရင်း ဆရာမလေးနန်းမူအားလိုက်သွားရန်မျက်နှာအမူအရာဖြင့်ပြလိုက်တော့ ဆရာမလေးနန်းမူတို့သုံးယောက်သားရေချိုးရန်ထွက်သွားကြလေသည်။
ဆရာမလေးနှင်းထိပ်ထားစံလည်း ချိုင့်များအားချွေး တစ်ချိုင့်စီခွဲပြီး ယင်မနားစေရန် ဖုံးအုပ်၍ ရေချိုးရန်ပြင်ဆင်တော့သည်။ရေချိုးရန်အမြန်ပြင်ဆင်ပြီး ရေချိုးရန်ထွက်လာခဲ့သည်။
" နှင်း အခုမှရေချိုးမို့လား"
ရေချိုးပြီးပြန်လာသည့်ဆရာမလေးစိမ်းနှင့်တွေ့သည်နှင့်လှမ်း၍မေးလာသည်။
" ဟုတ်တယ်လေ စိမ်းရဲ့ နန်းတို့ရောပြီးကြပြီလား "
ဆရာမလေးနှင်းထိပ်ထားစံ ၏အမေးကို ဆရာမလေးစိမ်းခေါင်းခါပြရင်းက
YOU ARE READING
အသက်ထက်ဆုံးချစ်ခဲ့သော်လည်း
Fanfictionဖိုးချို: ဆရာမလေးက ကျုပ်ထက်ကြီးတယ်ဆိုတာသိပေမဲ့ ဆရာမလေးလို့ခေါ်ရတာထက် မ လို့ခေါ်ရတာ ကျုပ်ပိုနှစ်သက်မိတယ်ဗျ နှင်းထိပ်ထားစံ: သိပ်ချစ်တယ် အရမ်းချစ်တယ်နောက်ဆုံးတော့ ဝေးကွာခဲ့ရတာပါပဲ သာအေး: နင်အရမ်းကြောက်တဲ့တံတားကို နင်ကိုကုန်းပိုးပြီးတံတားအဆုံးသွားရတာ အ...