Part 8

193 19 1
                                    

" အရီးပုရေ ဖုန်းလာတယ်ဗျို့ " ခြံဝန်းထဲ သို့ သားမိနှစ်ယောက် သားဝ​င်မည်အပြုအနောက်မှ လှမ်းခေါ်သော ကိုဘတုတ်ဆိုသူကြောင့် ခြေလှမ်းများ ရပ်၍ အနောက်သို့ လှည့်ကြည့်မိကြသည်။

" အရေးထဲတော် ဘယ်ကမှားဆက်တဲ့ဖုန်းပါလိမ့် တစ်သက်နဲ့တစ်ကိုယ် ငါ့ဆီဖုန်း မပြောနဲ့စာတောင်တစ်စောင်မရောက်တာကို "

" မသိဘူးလေ အရီးပု ငယ်ရည်းစားတွေဘာတွေ များလားမသိမှမသိတာ "

" ဟဲ့ ပေါက်ပေါက်ရှာရှာ ဟယ် " ကိုဘတုတ်၏ ပခုံးအားလှမ်းရိုက်လိုက်ပေမဲ့ ရှောင်လိုက်မူ့ကြောင့်ထိ၍မသွားခဲ့ပေ။

" အေးအေးငါအခုလိုက်ခဲ့မယ်တော်ကြာအချိန်ကြာနေမှဖြင့် ရှိသမျှ ပိုက်ဆံ လေးကုန်သွားပါဦးမယ်"

" ကဲ မိချိုဇင် အမေဖုန်းသွားပြောလိုက်ဦးမယ် " ဒေါ်ပုတစ်ယောက်ပြောပြောဆိုဆိုဖြင့်ဘတုတ်ဆိုသူနောက်လိုက်၍ဖိုးချိုကတော့ ခြံဝင်းမှတစ်ဆင့် အိမ်ပေါ်သို့တက်ခဲ့တော့သည်။

အိမ်ပေါ်သို့တက်လိုက်သည်နှင့်ပုဆိုးတစ်ထည်အားအပ်နှင့်အပ်ချည်တွဲ၍ ချုပ်နေသော​ယောင်းမဖြစ်သူ အေးမြအားတွေ့လိုက်ရသဖြင့်

" ဒီနေ့စျေးမသွားဘူးလား " မေးပြီးသည်နှင့်ပါလာသော အကျီအထုတ်အားအခန်းထဲတွင်သွားထားပြီးပြန်၍ ထွက်လာခဲ့သည်။

" အခုမှမသိသလိုလာမေးမနေနဲ့ ငါ့အရင်းလေး နင့်ရန်ပွဲအတွက် လျော်ကြေးပေးလိုက်ရတယ်လေ "

" ဘာ လျော်ကြေး "

" ဟုတ်တယ် နင်ထိုးလိုက်လို့ ဆေးဖိုးလျော်ပေးလိုက်ရတာ "

" ဒီနေ့ဘာချက်လဲ "

မီးဖိုချောင်ထဲကစားပွဲ ဝိုင်းလေးနားသို့လှမ်းလျှောက်သွားလိုက်စဥ် " မရှိဘူး ချက်ထားတဲ့ဟင်းတွေအမေ့ကိုပေးလိုက်ပြီ ဘာလဲ ရန်ဖြစ်ပြီး ဟင်းကောင်းထမင်းကောင်းစားချင်သေးတာလား "

" အ့ဆို ကျုပ်နဲ့ကျုပ်အမေနဲ့က ဘာနဲ့စားရမှာလဲ "

" အဲ့မှာလေ ငပိရည်နဲ့တို့စရာ မတွေ့ဘူးလား " အုပ်စောင်းလေးအားဖွင့်လိုက်တော့ ဟင်းပန်းကန်အားမတွေ့ရသောကြောင့်ဒေါသထွက်သွားရသည်။

အသက်ထက်ဆုံးချစ်ခဲ့သော်လည်း Donde viven las historias. Descúbrelo ahora