part 12

328 12 1
                                    

ခတ္တမျှငြိိမ်သက်​နေရင်းမှသတိပြန်ဝင်လာတော့ ဖိုးချိုအပေါ်မှလဲကျနေသောဆရာမလေးနှင်းထိပ်ထားစံမှာမျက်နှာလွဲကာ ထရန်အားပြုနေလေသည်ကိုတွေ့လိုက်ရသည်။ သေချာသည်ကတော့ ဖိုးချို၏ ပါးပေါ်သို့အနမ်းမ မည်သောအနမ်းတစ်စုံကျရောက်ခဲ့သည်ဆိုတာပင််ဖြစ်သည်။

ထ၍မရသောဆရာမလေးနှင်းထိပ်ထားစံကို ထိုင်စေပြီးမှ ထရန်တွဲ၍ခေါ်ရသည်။ ရှက်နေသောကြောင့်နီးမြန်းသောမျက်နှာလေးမှာ မီးခွက်၏အလင်းရောင်အောက်တွင်အထင်းသားပေါ်၍နေသည်။

" နေ နေဦးလေ ဆရာမလေးရဲ့ " မည်သည်ကြောင့်မှန်းမသိအိပ်ယာထဲသို့ဝင်ရန်အလျင်လိုနေသောဆရာမလေးမှာဖိုးချိုပြောသံကြောင့်လျှောက်နေသောခြေထောက်မှာရပ်တန့်သွားသည်။ပြူးကျယ်သောမျက်ဝန်းလေးဖြင့်ဖိုးချိုအားကြည့်ရင်း

" ဘာဖြစ်လို့လဲ ဖိုးချို " ဟူ၍ပြန်ပြောလေသည်။

ဖိုးချိုသည် ဆရာမလေးကိုမလဲကျသွားစေရန်ထိန်းပေးရင်းက

" အဲ့လောက် မြန်မြန်လျှောက်နေရင်ခြေထောက်ပိုနာလိမ့်မယ် ဖြေးဖြေးပေါ့ " လို့ဖိုးချိုပြောလိုက်သည်။

သနပ်ခါးနံသင်းသင်းလေးအား တွဲရင်းတစ်ချက်တစ်ချက်ရှူရိူက်မိသည်။ အိမ်ရှေ့နှင့်အိပ်ခန်းမှာသိပ်မဝေးသော်လည်း တွဲလျှောက်နေရသည့်အတွက်တော်တော်ဝေးသည်ဟုပင်တွေး၍နေမိသည်။

" အင်း ရပြီဖိုးချို "

အိပ်ခန်းဝနားရောက်သည်နှင့်တွဲထားသောလက်များအားဖြေလျော့စေရန်စကားဆိုလိုက်သည်။ အိပ်ယာပေါ်မှာထိုင်စေပြီးနောက်အသာခြင်ထောင်ထဲဝင်၍သွားသောဆရာမလေးကြောင့်မိမိ၏ပါးကိုပင်စမ်းမိသွားသည်။ပါးပေါ်သို့လက်လေးရောက်သည်နှင့်ခုန်လာသောရင်အားလက်တစ်ဖက်က ထိန်း၍ထားရသည်။

" မအိပ်သေးဘူးလား ဖိုးချို " ခြင်ထောင်ထဲမှလှမ်း၍ပြောသောဆရာမလေးကြောင့်ဖိုးချိုမှာ

" ဗျာ ဟို အိပ်မှာပါဗျ " လို့ဆိုရင်းက ခြင်ထောင်စအားဖွင့်၍ ခြင်ထောင်ထဲသို့ဝင်၍သွားသည်။ ဆရာမလေးများမှာ အိပ်နေကြပြီဖြစ်သည်။ ဆရာမလေးနှင်းထိပ်ထားစံ ဘေးသို့ဝင်၍ တစ်ဖက်သို့လှည့်၍အိပ်နေသောဆရာမလေးနှင်းထိပ်ထားစံ အားကျောပေး၍နေရာယူကာလှဲလိုက်သည်။

အသက်ထက်ဆုံးချစ်ခဲ့သော်လည်း Where stories live. Discover now