(2)

395 51 2
                                    

စျာပနပွဲကို ပြီးစလွယ်လုပ်ချင်ခဲ့ပေမယ့် Hyungက ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။တခြားသော စီးပွားရေးလုပ်ငန်းရှင်တွေက ကျွန်တော့်ကိုလာနှစ်သိမ့်ကြပေမယ့် အကုန်လုံးက မျက်နှာဖုံးစွတ်တွေဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်ကတော့ သူတို့လိုမဟုတ်ဘူး စိတ်ထဲသာရှိမနေရင် စိတ်ဝင်စားဟန်ဆောင်ပြီးတောင် ပြုံးပြနေမဲ့ ကောင်စားမျိုးမဟုတ်ဘူး။ အဲ့တော့ ခပ်ရှင်းရှင်းပဲ! စောက်ဖက်မလုပ်ပဲနေလိုက်တယ်။

အလောင်းနှစ်ခုကို တူတူမြုပ်နှံနေတဲ့ပုံရိပ်ကို မိုးရွာကြီးထဲ ထီးမိုးပြီး ကြည့်နေရပေမယ့် ဒီနေရာမှာရှိတဲ့လူတွေအကုန်လုံးမှာ Hyungကလွဲပြီး ကျန်တဲ့လူတွေက ပူဆွေးတဲ့စိတ်လေးမျိုး နည်းနည်းတောင်မဝင်ကြမှန်း ကျွန်​တော်သိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပူဆွေးအားငယ်နေတာမျိုး မဖြစ်ဘူး။

ဘေးနားမှာ မျက်ရည်ဥတွေတွဲခိုပြီးရပ်နေတဲ့ Hyungလက်တွေကို ကျွန်တော် ကိုင်ထားတယ်။Hyungကတော့ လှည့်ကြည့်လာပြီး ဖက်ရှာပါတယ်။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ ထီးအနက်ရောင်လေးကတော့ အခေါင်းကြီးတွေနဲ့ ဝေးရာဆီကို လေအားကြောင်​့ လွင့်သွားခဲ့ပြီ။

"ဘာလုပ်နေတာလဲ Jeongwoo အခန်းထဲမှာရှိလား"

"ဝင်ခဲ့လို့ရတယ် Hyung"

ကျွန်တော် လက်သကြွယ်မှာညှပ်ထားတဲ့ စုတ်တံကို ဆေးစပ်ခွက်ပေါ်ပစ်ချရင်း တံခါးဖွင့်ပြီးဝင်လာတဲ့ Hyungဆီကိုမျက်နှာမူလိုက်တယ်။ ထောက်တိုင်ပေါ်က ပန်းချီကားအဖြူရောင်ဟာ ကျွန်တော်တို့နှစ်ယောက်နဲ့မနီးမဝေးမှာ လှပစွာနေရာယူနေတယ်။ပြတင်းပေါက်ကဝင်လာတဲ့ လေအေးတွေက လိုက်ကာစကို လွင့်မျောစေတယ်။ အပြုံးလေးတစ်ချက်နဲ့အတူ ကျွန်တော့်အနားကိုလျှောက်လာတဲ့ Hyungက ပါးတွေနီမြန်းလို့နေတယ်။

"လှသားပဲ"

"တကယ်လား..... ဒီပုံထဲက ကောင်လေးနှစ်ယောက်က ဘယ်သူတွေလို့ထင်လဲ Hyung"

"မင်း....နဲ့ ငါလား"

"အင်းလေ"

"ဘာလို့အဖြူရောင်ဝတ်စုံတွေနဲ့လဲ?"

"ဒါက ကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်ထားတာ ပုံကလက်စသတ်လို့မပြီးသေးလို့ ကျွန်တော်ဆွဲဖို့တစ်ခုကျန်သေးတယ်"

ဘာလဲလို့မေးလာတဲ့ Hyungစကားကို ကျွန်တော်ပြန်မဖြေဖြစ်ခဲ့ဘူး။ "Hyungနဲ့ကျွန်တော့်ရဲ့ မင်္ဂလာပွဲဓာတ်ပုံဆိုတော့ ဆွဲဖို့ကျန်နေတာက သေချာပေါက် Hyungလက်ထဲက ပန်းစည်းပုံပေါ့" ဆိုတဲ့အကြောင်းကို အမှန်အတိုင်းဖြေရလောက်တဲ့အထိလည်း ကျွန်တော် မပွင့်လင်းသေးနိုင်ဘူး။ အိမ်မှာအဖော်လာလုပ်ပေးနေတဲ့ Hyungက တစ်ပတ်ကြာတော့ သူ့အိမ်သူပြန်သွားတယ်။ အပြီးသတ်ဆွဲထားတဲ့ လက်ထပ်ပွဲစိတ်ကူးယဥ်ပန်းချီကားကို ကျွန်တော်လျှို့ဝှက်ခန်းထဲမှာ ချိတ်ထားဖြစ်လိုက်တယ်။

Hyungမမြင်ရအောင်လို့ပေါ့။

-tbc-

𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now