(7)

257 39 2
                                    

အသံကိုက ဆောင့်ကြီးအောင့်ကြီးနဲ့။ ကျွန်တော့်Hyungလိုဉာဏ်ရည်မကောင်းတော့လည်း သူ့ခဗျာ ညဘက်သန်းခေါင်ကြီးတောင်မအိပ်ဘဲ စာလုပ်နေရသေးတာကို လေသံကကြီးကြီးကျယ်ကျယ်နဲ့။

ကျွန်တော်ခရီးစဥ်အတွက်ပြင်လို့ဆင်လို့ပြီးတာနဲ့ အိပ်ယာအကျယ်ကြီးပေါ်တက်ပြီး Hyungကိုယ်လုံးလေးကိုသိမ်းကြုံးဖက်ထားပစ်လိုက်တယ်။

ကိုယ်ငွေ့နွေးနွေးလေးနဲ့ lavender shampooနံ့လေးက ကျွန်တော့်နှာခေါင်းထဲသို့ ဝင်ရောက်လာတဲ့အချိန်မှာ​တော့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။

ခရီးထွက်လာတဲ့အချိန် ကျွန်တော် မပျော်နေခဲ့ဘူး။ ပင်လယ်ကိုလာရတိုင်း စိတ်ပြေလက်ပျောက်ရှိသွားတတ်ပေမယ့် ဒီတစ်ခေါက်တော့ဘာကြောင့်မှန်းမသိ စိတ်ထင်နေတယ်။

"ရားး ဘာငိုင်နေတာလဲ ပုစွန်ကင်သွားစားရအောင်"

သူငယ်ချင်းလေးယောက်ကတော့ မလိုက်ချင်တဲ့ကျွန်တော့်ကို ခြေတစိဖက်လက်တစ်ဖက်စီ မြင်မကောင်းလောက်အောင်ကို ချီ'မ'နေကြတယ်။ရှင်ဘုရင်ကြီးလို လေပေါ်မှာတဝဲဝဲပျံနေတဲ့ ကျွန်တော်နဲ့ကျွန်တော်တို့အဖွဲ့ကို ကမ်းခြေနေက ဘီကနီမလေးတွေက ခိုးခိုးပြီး လှမ်းရှိုးနေကြမှန်း ကျွန်တော် သိပါတယ်။ ခယပြီးတော့လည်း သွားပြီးမပက်သက်နိုင်ဘူး။

သူတို့ပက်သက်ချင်ရင် ဖုန်းနံပါတ်ကိုသူတို့ဘက်ကပဲ အရင်လာတောင်းကြရမည်။ ကျွန်တော်ကတော့ အပူအပင်တွေကိုကိုယ်တိုင်မရှာဖွေချင်ဘူး နဂိုကတောင် အဲ့အပူတွေက ကျွန်တော့်ဆီ မရေမတွက်နိုင်လောက် ရောက်လာနေကြမို့ သည်းမခံနိုင်ရတဲ့ကြားထဲ။

လေပြေအေးတွေတိုက်ခတ်သွားတဲ့ ကမ်းခြေလဟာပြင်ကြီးပေါ်က သဲမှုန်တွေက ကျွန်တော်တို့ဘက်ကို လွင့်လာတယ်။

ကံကောင်းထောက်မစွာနဲ့ ပုစွန်ကင်သည်ဆီက ထီးအကြီးကြီးကိုပါဝယ်ပြီး ကျွန်တော်တို့ဝိုင်းထိုင်လိုက်ကြတယ်။ တက္ကသိုလ်ကျောင်းသားတွေအများစုက လေ့လာရေးခရီးဆိုတာနဲ့ စာတွေကုန်းရုန်းမှတ်ဖို့ကို ဘဝကြီးထင်နေကြတယ်။

အမှန်တော့ ဒီအမှတ်တွေ၊ ဘွဲ့တွေက သေရင်ထားခဲ့ရမှာပဲဟာ ကိုယ့်သေနေ့က ဒီနေ့လားမနက်ဖြန်လားတောင် မသေချာတဲ့အခြေအနေမှာ ကျွန်တော်ကတော့ စိတ်ပူပန်သောကရောက်ပြီးမနေချင်ဘူး။

စာဆိုတာကလည်း စိတ်ပါမှကောက်လုပ်တာတောင် အဆင့်ကောင်းကောင်းရနိုင်သေးတဲ့အခြေအနေမို့ ကျွန်တော်တို့တစ်ဖွဲ့လုံးက ကျွန်းအတွင်းကိုလိုက်မသွားကြဘဲ ကမ်းခြေမှာထိုင်ပြီးသောက်လိုက်စားလိုက်လုပ်နေကြတယ်။

"မင်းကိုကြီးနဲ့ဘယ်လိုအခြေအနေရှိလဲ Jeongwoo"

"ဘယ်လိုမှမရှိပါဘူး"

"လျှိုနေလိုက် ကြပ်ကြပ်"

"အဲ့ဒါမင်းကိုပြောရမှာ အတန်းခေါင်းဆောင်က ကျွန်းအတွင်းဘက်ခြမ်းကိုလိုက်သွားတယ်နော် မင်းစိတ်မပူတော့ဘူးလား"

"ဟမ်! သူလိုက်သွားတယ်လား ငါမလိုက်နဲ့လို့မှာထားရက်နဲ့ကို"

So Junghwanက ပုစွန်ကင်ကိုပါးစပ်ထဲအမြန်သွပ်ပြီး ဆရာမကြီးတွေသွားတဲ့နောက်ကို ကောက်ကောက်ပါအောင်ပြေးလိုက်သွားတယ်။သူ့ရည်းစားကဖြင့် သူ့စကားဆိုနားထောင်လိုက်တာမှ မြေဝယ်မကျပဲ။ သူကမလုပ်နဲ့ဆို ဟိုကလုပ်လိုက်ရမှကျေနပ်တဲ့ သတ္တဝါလေး။

"မင်းကရော ဘီကနီမတွေဆီမသွားဘူးလား"

"အမ်းစရာပိုက်ဆံပါမလာခဲ့ဘူး သွားရင် ပါးကျိုးလိမ့်မယ်"

"ဒီကျွန်းပေါ်မှာပဲ နိုက်ကလပ်လေးဘာလေးတောင် မရှိဘူးလား"

"Hotelထဲမှာတော့ Barရှိတယ် အပေါ်ဆုံးထပ်က လသာဆောင်မယ်တဲ့"

"မိုးလည်းချုပ်တော့မှာကို ငါတို့အဲ့ဒီပဲသွားရအောင် ငါဒကာခံမယ်"

"ရတယ်လေ သွားမယ်"

လေးယောက်သားတက်ညီလက်ညီနဲ့ တည်းခိုရာHotelကြီး၏ အပေါ်ထပ်ဆုံးကို အားတက်သရော်တက်လာကြတယ်။ကျွန်တော်တို့ရောက်သွားတော့ Barက လူအပြည့်ဖြစ်နေပြီ။

ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ Yoon Jaehyukကတော့ လူတွေကြားထဲ ဝင်တိုးပြီး ကလိုက်၊ အဖျော်ဆရာကို ကော့တေးလေးမှာလိုက်နဲ့ ရေချိန်ကိုက်နေပြီ။ လူရှုပ်လွန်းတာထက်ကိုပိုနေတဲ့ နေရာမို့ အနံ့အသက်ကောင်းကိုရဖို့က သိပ်မလွယ်။ ဒီလိုဆိုမှ အိမ်မှာကျန်ခဲ့တဲ့ Hyungရဲ့ lavenderနံ့လေးကို တမ်းတလာမိသလိုလို။

ဒီရက်ပိုင်း Hyungကိုချစ်တဲ့ကျွန်တော့်စိတ်တွေက ဆေးမိထားသလို sensitiveဖြစ်လွန်းပြီး အကဲပိုလွန်းနေသည်။ ဒါကလည်း တမူထူးခြားတာမျိုးတော့ မဟုတ်ပါဘူး။

ချစ်တတ်သွားရင် လူတိုင်းဒါမျိုးဖြစ်ကြမှာပဲဟာ။

-tbc-

𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now