"Hyungလာခဲ့ပါ့မယ်ဆိုနေ ဘာလို့ဝင်လာတာလဲ Jeongwoo!!"
"ကျွန်တော်မကြားလိုက်ဘူး Hyungက အပေါ်ထပ်ကနေအော်နေတော့"
"ဒါဆိုလည်း ဧည့်ခန်းမှာခနစောင့်နေနော် အဝတ်တွေကလှန်းရအုံးမှာ"
"ကျွန်တော်ကူလုပ်ပေးမယ်"
"ရတယ် မင်းက သူဌေးသားလေ ဒါတွေဘယ်လိုလုပ်တတ်မှာလဲ"
"သင်ပေးရင်တတ်ပါတယ်"
"မပြောလိုက်ချင်ဘူး ငဂျစ်လေး"
အဲ့နောက်တော့ ကျွန်တော်က ဆူခံထိလိုက်တာတောင် ပျော်ပျော်ကြီး Hyungနောက်ကိုလိုက်သွားဖြစ်တယ်။သူတို့အိမ်နောက်ဖေးက အုတ်ခုံတွေခင်းထားပြီး အဝတ်လှန်းကြိုးတွေ၊ညှပ်တွယ်ချိတ်တွေနဲ့ ပြည့်နေတယ်။Hyungကတော့ ဒန်ကန်ထဲကသူ့အဝတ်တွေကို ယူပြီး ကြိုးတန်းမှာချိတ်နဲ့ ချိတ်လို့နေပြီ။
"မိန်းကလေးအဝတ်အစား?"
"အာ ဟုတ်တယ် ဒီနေ့ကျောင်းမှာ ဆရာမတစ်ယောက်ရဲ့ အပေါ်ဝတ်ကိုကော်ဖီခွက်နဲ့တိုက်မိသွားတယ် အားနာလို့ပြန်လျှော်ပေးမယ်ပြောလိုက်တာ"
"ေလျှာ်ပေးမနေနဲ့ အသစ်ပြန်ဝယ်ပေးလိုက် Hyung"
"ငါက မင်းလိုသူဌေးမှ မဟုတ်ဘဲ ဂျစ်တူးရယ်"
"မလိုဘူး ကျွန်တော်ကသူဌေးဆို Hyungလည်းသူဌေးပေါ့ နောင်အမျိုးတော်ရတော့မှာပဲဟာ"
"လာနောက်မနေနဲ့ မြန်မြန်လှန်းတော့ မင်းရဲ့အင်္ဂလိပ်စာskill ဘယ်လောက်ကောင်းလာလဲ ငါသိချင်သေးတယ်"
"ဒါနဲ့ ကျွန်တော် နက်ဖြန်ခွင့်ယူလို့ရလား"
"ဘာလို့လဲ"
"ကျောင်းက ခရီးထွက်မယ်တဲ့"
"လိုက်သွားလေ စိတ်ပြေလက်ပျောက်ရှိတာပေါ့"
Hyungကတော့ ပေါ့ပေါ့တန်တန်လေးပြောနေတယ်။ ကျွန်တော်ကတော့ မလိုက်ရဘူးဆိုတဲ့အဖြေကိုမျှော်နေခဲ့တာ။ သေချာပေါက် သဝန်တိုတာမျိုးကိုပဲလိုချင်ခဲ့တာ။ ကျွန်တော်တို့ကတွဲနေတာတော့ မဟုတ်ပေမယ့် အထိအတွေ့မှာတော့ သာယာနေကြတဲ့လူတွေလေ။ ချစ်တယ်ဆိုတဲ့ နုနုယွယွစကားကို ကျွန်တော်ထုတ်မပြောတတ်ဘူး။ ဘယ်တော့မှလည်းဖွင့်ပြောမှာမဟုတ်ဘူး။ အဲ့တော့ တစ်ဖက်လူပြောတာကိုပဲ ကျွန်တော် တစ်ချိန်လုံးစောင့်နေခဲ့တယ်။
ယောက်ျားလေးချင်းကြိုက်တာကို Hyungက ဆရာတစ်ယောက်အနေနဲ့ဆိုရင်တော့ မကန့်ကွက်ပါဘူးလို့ပြောခဲ့တယ်။ ဒီစကားရဲ့အဓိပ္ပါယ်က မကန့်ကွက်ရုံတင်ပဲ၊ လက်သင့်လည်းမခံပေးနိုင်သလို သူကိုယ်တိုင်ကလည်း ကျွန်တော့်အတွက်နဲ့ gayတစ်ယောက်ဖြစ်ပေးပါ့မယ်လို့ ဝန်ခံနေတာမျိုးမဟုတ်ဘူး။ ဒါကိုလည်း ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မြောင်းဖောက်ရုံတင်မကဘဲ တာရိုးပါကျိုးနေတဲ့ ရိသဲ့သဲ့စကားတွေကို Hyungက ဆက်ပြီးလက်ခံပေးနေသရွေ့တော့ ကျွန်တော့်ဘက်ကလည်း အကုန်အဆင်ပြေတယ်။
-tbc-
YOU ARE READING
𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆
Fanfiction[Burmese] 𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 × 𝗕𝗮𝗻𝗴 𝗬𝗲𝗱𝗮𝗺 [completed] ➜ angst • hurt/no comfort ➜ good cry ➜ mention of suicide ➜ written in BURMESE