(6)

269 42 8
                                    

များသောအားဖြင့် စာကို ကျွန်တော့်အိမ်မှာပဲ လာပြပေးတဲ့ Hyungက သူ့အိမ်ကိုလာတာဆို လုံးဝမကြိုက်ဘူး။

အဲ့တော့ ကျွန်တော်လည်းမသွားဖြစ်ဘူး ကျွန်တော်က ကျောင်းမှာဆို ဂျစ်ကန်ကန်နိုင်ပေမယ့် Hyungရှေ့မှာတော့ ကြာပန်းဖြူလေးလို ရိုးရိုးစင်းစင်းနဲ့ဘာမှမသိနားမလည်တဲ့ ကလေးလေးလိုပဲနေဖြစ်တာ။

"Grammarတွေ ဟိုတနေ့က သင်လိုက်တယ်ဆိုတော့ Hyungတို့ ဒီနေ့Usageပိုင်း စလိုက်ကြမလား"

"Lesson 2ရဲ့ ပထမဆုံး sentence ကိုကြည့်ကြည့်။ Hyungတို့ ဝါကျကိုမြင်ပြီးဆိုတာနဲ့ SARနည်းကိုသုံးရမယ် ဆိုတော့ ခွဲကြည့်ရအောင် Jonnyက Subject Nounဆိုပါတော့ သူ့ရဲ့နောက်မှာကပ်ပါလာတဲ့ holding a cup of milkက Nounကိုအထူးပြုတဲ့ Adjectiveဆိုပြီး autoဖြစ်လာလိမ့်မယ်။ နောက်တစ်ဆင့်မှာ Hyungတို့က အဲ့ဒီadjective အရှည်ကြီးထဲမှာ verbပါလားမပါလားကိုကြည့်ကြည့်ရမယ် မပါဘူးဆိုတဲ့ phraseအဖြစ်ယးရမယ် ။

Main Verbက ဘာလဲ?......
Verbက was slapped ဆိုတော့ သူက passive voiceကိုသုံးထားတဲ့အတွက် ရှေ့မှာရှိတဲ့ Noun Phraseကြီးတစ်ခုလုံးက ခံရSubjectကြီးဖြစ်သွားပြီ။ နောက်မှပါလာတဲ့ by Kasey which seems very angryက ပြုလုပ်တဲ့Object။ ဒါပေမယ့် သူ့နောက်က Whichကတော့ relative pronounကြီးဖြစ်နေတဲ့အတွက် whichနောက်က sentenceတစ်ခုလုံးကို Hyungတို့က relative clauseလို့ခေါ်မယ် ဒါဆို Hyungတို့ဘာသာစပြန်....."

ဒါတွေက ကျောင်းမှာဆရာရှင်းပြလိုက်ပြီးတည်းက ကျွန်တော် နားလည်ပြီးသား။ ဆိုတော့ ကျွန်တော့်မှာ Hyungကိုငေးနေဖို့အချိန်ကောင်းကောင်းရတယ်။

Hyungရဲ့ညီညာတဲ့ နှဖူးပြင်က ပင်ပန်းလို့ ချွေးအနည်းငယ်ထွက်နေပြီး ပါးပြင်မှာရှိနေတဲ့ မွှေးညှင်းပေါက်တချို့ကလည်း မှုန်တိမှုန်ဝါးပဲမြင်ရတယ်။ချွန်ပြတဲ့နှာတံစင်းစင်းက အသက်ကိုပုံမှန်ရှူနေပြီး ရွှန်းစိုပြီးပန်းရောင်ပြေးနေတဲ့ နှုတ်ခမ်းသားကတော့ စာတွေကိုရှင်းပြနေတယ်။

"စာရှင်းနေတယ်လေ ဘာလို့ Hyungကိုလာကြည့်နေတာလဲ ငဂျစ်ကောင်စုတ်လေးရယ်"

"နမ်းချင်တယ်"

"စာရမှဆက်ပြောရအောင် လောလောဆယ် စာကိုပဲအရင်အာရုံစိုက်"

"အဲ့စာတွေက ရပြီးသားတွေ"

"မင်း အတော်ဆိုး​နေပ​ါလား Park Jeongwoo"

"အဖေတို့နဲ့တူတာနေမှာပေါ့ အမှန်တော့ အဲ့ဒါက ဆိုးတာမှမဟုတ်ဘဲ။ ကျွန်တော်စာကြိုးစားခဲ့လို့ စာရပြီပြောတာလေ ကျွန်တော်မှန်ပါတယ်"

ငြင်းလို့ကောင်းနေတဲ့ ကျွန်တော့်နှုတ်ခမ်းတွေက Hyungရဲ့ပိုင်ဆိုင်မှုတစ်ခုနဲ့ ထပ်တူကျနေခဲ့တယ်။ ကျွန်တော့်ပုခုံးတွေအပေါ် လက်တင်ပြီး နမ်းရှိုက်နေတဲ့ Hyungက သေချာပေါက်အရိုးခံအဖြူထည်လေး။

သူက မနမ်းတတ်ဘူး။ သူလုပ်တတ်တာက ကျွန်တော့်နှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းထိလိုက်ရုံလေးကိုပဲ။ ကျွန်တော်ကတော့ သူမတူတဲ့ ပြိုင်ဘက်ကင်းဆိုတော့ Hyungလိုမဟုတ်ဘူး။ Hyungမေးရိုးလေးကို လက်နဲ့ဆုပ်ကိုင်ထားပြီး ပြင်သစ်အနမ်းတွေဝေဆာသွားအောင် ဆောင်ကြဥ်းပေးနိုင်တယ်။

စားပွဲပေါ်မှာတင်ထားတဲ့ မီးချောင်းက မှိန်ပြပြ။ အခန်းမီးက လင်းထိန်ပြီး အဲယားကွန်းဆီကရတဲ့လေတွေကတော့ အေးစက်နေတယ်။ ပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ​့ လမင်းကြီးသာ ပြည့်ဖို့ တစ်ခြမ်းလိုနေသလို သူ့ဘေးနားမှာလည်း မှိတ်တုတ်မှိတ်တုတ်ထနေတဲ့ ကြယ်တွေ ရှိမနေဘူး။

တိမ်တိုက်တွေကင်းစင်နေပြီး အိမ်ခြံဝန်းထဲက အကောင်ပလောင်အသံတွေကိုတော့ ကျွန်တော် မကြားနိုင်ဘူး။ ချိုမြိန်ပြီးစွဲလမ်းစေတဲ့ နှုတ်ခမ်းသားပိုင်ရှင်ကတော့ ကျွန်တော့်ဘေးမှာ အိပ်မောကျနေပြီ။

အလုပ်ကပင်ပန်းတဲ့ဒဏ်တွေကြောင့် မျက်တွင်းအနည်းငယ်ချိုင့်နေပေမယ့် Hyungက ကြည့်လို့ကောင်းနေတုန်းပဲ။ နှဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကိုဖယ်ချရင်း ခက်ဖွဖွနမ်းရှိုက်ပစ်ကာ နက်ဖြန်ခရီးအတွက်လိုမဲ့အဝတ်တွေကို suitcaseထဲထည့်ပြီး အတန်းခေါင်းဆောင်ဆီဖုန်းလှမ်းဆက်လိုက်တယ်။

"ဟယ်လို Doyoungလား"

"ဘာလဲ ငါစာလုပ်နေတယ် မအားဘူး"

"နက်ဖြန်သွားမဲ့ Campingအတွက် ကျောင်းသားတွေဖြည်ရမဲ့formမှာ ငါ့နာမည်ပါထည့်ပေးစမ်းပါ"

"လုပ်လိုက်မယ် ဒါပဲမလား"

"အင်း ဒါပဲ"

-tbc-

𝖨𝗇𝖿𝖺𝖼𝗍, 𝖤𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝗂𝗌 𝖲𝗁𝖺𝗆Where stories live. Discover now