လွမ်း မောင်နှင့် မတွေ့ရသည်မှာ နှစ်ရက်ပင်
ရှိလေပြီ။ကျောင်းမှ ကိစ္စများနှင့်
အလုပ်များနေရ၍ လဝန်းပျိုနှင့်ပင်
ရန်မဖြစ်အား။သို့သော်လည်း ကျောင်းသွားတိုင်း
မောင်တို့ ရုံးရှေ့က ဖြတ်သွားမြဲ။မောင့်မျက်နှာလေးအား ငေးကြည့်မြဲဖြစ်သည်။
အရင်ကလိုဖြင့် ရုံးရှေ့သို့ တကူးတက
သွားမကြည့်ဖြစ်။ထို့ကြောင့်
မသက်ဆိုင်သော်လည်း မောင့်အား
သူလွမ်းနေမိသည်။ထို့အတူ လွမ်းရသော
အကြောင်းများကိုကားလည်း ဒိုင်ယာရီ
စာအုပ်ထဲတွင် ဖွင့်ထုတ်မြဲပင် ဖြစ်သည်။ယနေ့တွင်လည်း ကျောင်းသို့အသွား ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်တွင် ပြုံးရွှင်နေသော
မောင့်ကိုကြည့်ရင်း သူ့မနက်ခင်းက အလိုလို
ကျက်သရေရှိသွားသည်။ကျောင်းသို့ရောက်၍ ကန်တင်းသို့သွားရန်
ပြင်ဆင်စဥ်တွင် လဝန်းက ဆောင့်ကြီး
အောင့်ကြီးဖြင့် ရောက်ချလာသည်။ထို့နောက်
လွယ်အိတ်ကို ဗုန်းကနဲ ချကာ"လွမ်း မနက်ဖြန် ဘာနေ့လဲသိတယ်နော်"
"ဘာနေ့မို့လဲ"
"နင် မသိချင်ယောင်ဆောင်မနေစမ်းနဲ့"
"လခွမ်းမှ ငါ တစ်ကယ် မသိတာဟ"
"ဟူး နင့်ဦးနှောက်က တစ်ကယ်ပဲ ဘာတုန်း"
"မိလဝန်းရယ် ပြောမှာဖြင့် ပြောပါဟာ။
စျေးကိုင်မနေပါနဲ့""မနက်ဖြန် တနင်္ဂနွေနေ့။ရွှေမန်းရုံမှာ
မောင့်မူပိုင်ရှင် ပြမှာ""အင်း အဲ့တော့"
"နင် ငါ့ကို ရုပ်ရှင်လိုက်ပြမယ်ဆို"
"ပြောမိလို့လား"
"ဟဲ့!!!!!"
ပြောလည်း ပြော လက်က ကျောကုန်းသို့
အုန်းကနဲ ကျရောက်လာသည်။"ခွေးမလေး နင် စောစောစီးစီး"
"ဘာဖြစ်လဲ!။ဟိုနေ့ကကျ ငါ့မှာ နင့်နောက်
လိုက်ရတာ လိုက်ရတာ ဖက်ဖက်ကိုမောလို့။
ခုတော့ဖြင့် တော်ကြီးက ကျုပ်ကို
ထားခဲ့ပြီပေါ့လေ ဟုတ်လား။
အမလေး ကြားလို့မှကောင်းကြသေးရဲ့လား
အရပ်ကတို့ရေ"
BINABASA MO ANG
လွမ်း(COMPLETE)
Romanceမောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။