6🍁🍂

219 15 8
                                    

Recommed Song-မဟာဆန်သူ

နွေဦး၏ ညတစ်ည၌ လေညင်းက ဖြည်းညင်းစွာ တိုက်ခတ်နေသည်။ထိန်ထိန်သာနေသော
လပြည့်ဝန်းမှ လရောင်များက လမ်းမပေါ်သို့
ဖြာကျနေသည်။ထိုလမ်းပေါ်တွင် စကားမဆိုမိပဲ
အတွေးကိုယ်စီနှင့် လမ်းလျှောက်နေကြသော
လူနှစ်ဦး။ရှင်းလင်းစွာဖော်ပြရလျှင်
ယောကျ်ားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး။
သေချာစွာပြောရလျှင် ထိုသူနှစ်ဦးမှာ
ခန့်ညားမောင်နှင့် ဝေဇင်ရှင်း။

"ခန့်ညား ရပါပြီ။သွားတော့လေ"

ဝေဇင်ရှင်းက ခန့်ညားမောင်အား ပြန်လို့ရပြီ
ဖြစ်ကြောင်း စကားဆိုသော်လည်း
ခန့်ညားမောင်၏ တုံ့ပြန်မှုမှာ ဗလာနတ္တိ။
တစ်စုံတစ်ခုအား တွေးတောနေကာ သူမ၏
စကားသံကို မကြား။

"ခန့်ညား"

"......."

"ခန့်ညား....လို့"

"ဟမ်!ဘာပြောမလို့လဲ ဝေဇင်"

"ပြန်လို့ရပြီ ပြောတာ။ဘာတွေ ဒီလောက်တောင် စဥ်းစားနေသလဲ"

"ဘာမှမဟုတ်ပါဘူး။ဒီအတိုင်းပဲ"

"အေးပါ ဂရုစိုက်ပြီးလည်းသွားဦးနော်"

"အင်း"

တစ်လုံးတည်းသာဆိုကာ ထွက်ခွာသွားသူကို
ကြည့်ရင်း သူမသက်ပြင်းယဲ့ယဲ့ချမိသည်။
ခန့်ညားမောင်သည် တွေးရလွယ်သလိုနှင့်
နားလည်ခက်လှသော လူတစ်ဦးဖြစ်သည်။
စကားများများမပြော၊လုပ်စရာရှိသည်ကိုသာ
အာရုံမစိုက်၍ လုပ်တတ်သည်။လူချစ်အောင်
နေတတ်သည်။လူချစ်လူခင်လည်း များသည်။
အမြဲတစ်စေ ပြုံးနေသော်လည်း တစ်ခြား
သူများမှ သူ့အား ရှိန်တတ်မြဲ။ဖော်ရွှေတတ်သော်လည်း သူ့နားသို့ကြာကြာပင် မသွားရဲကြ။
အမျိုးအမည်မသိသော အရှိန်အဝါတစ်မျိုးမှ
သူ့အား လွှမ်းခြုံထားသည်ဟု
သူမကတော့ ယူဆသည်။

သူမသည် ခန့်ညားမောင်နှင့် ရင်းနှီးလွန်းသည်
ဟူ၍တော့ မဟုတ်ပါ။တက္ကသိုလ်တက်စဥ်တွင်
သူငယ်ချင်းစဖြစ်၍ ထိုအခါမှ မိဘများလည်း
ငယ်သူငယ်ချင်းများဖြစ်နေကြောင်း
သိရှိခဲ့ရသည်။

လွမ်း(COMPLETE)Donde viven las historias. Descúbrelo ahora