2🍁🍂

530 26 2
                                    

လွမ်း စာသင်ခန်းအတွင်းတွင်လည်း စာကို အာရုံစိုက်၍ မရ။မနက်က မြင်တွေ့ခဲ့သော
ထိုလူကြီး၏ ပုံရိပ်ကသာ စိုးမိုးနေသည်။

ဤသို့ဖြင့် ကျောင်းကန်တင်းတွင်လည်း
ဘာမှစားချင်စိတ်မရှိ။အကြင်သူကို
ဘယ်သူလဲဟုသာ သိချင်နေသည်။ရှေ့မှ ချထားသော လက်ဖက်ရည်ခွက်ကို အကြောင်းမဲ့
ငိုင်တွေစွာဖြင့် ကြည့်နေမိသည်။

"အလွမ်းခေတ်"

"........."

" အလွမ်းခေတ်"

"........."

"ဟဲ့ အလွမ်းခေတ်"

"အမလေး ပလုတ်တုတ် လန့်တာဟာ"

"အနားကပ်ပြီး ခေါ်နေတာကိုတောင် မကြားလောက်အောင် နင့်စိတ်တွေ ဘယ်များ
ရောက်နေလဲ"

"ဘယ်မှ မရောက်ပါဘူးဟာ နင်ကလည်း"

လက်ဖက်ရည် မော့သောက်ရင်း အနားကပ်၍
ကြည့်နေသော သူငယ်ချင်းမကြောင့် သောက်နေသော လက်ဖက်ရည်ပင် သီးချင်သွားသည်။

"ဟဲ့ လဝန်း နင် ငါ့ကို စိုက်ကြည့်မနေနဲ့။
ပြောစရာရှိတာ ပြော"

"အဟဲ ဘာမှမဟုတ်ပါဘူးဟာ။နင့်ကို....
နင့်ကိုလေ တောင်းဆိုစရာလေး ရှိလို့"

လုပ်လာပြီ လဝန်းပျိုတို့ကတော့ လုပ်လာပါပြီ။
သူမ၏ ပေါက်ကရဇာတ်တွေထဲ လွမ်းကို
ဆွဲသွင်းပါတော့မည်။

"ကဲ ပြော ပြော မယ်မင်းကြီးမ ပြော"

"နင်ကလည်း ငါ့ကို ဘယ်လိုလေသံကြီးနဲ့
ပြောနေတာတုန်း။ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲ
ရှိတာကို"

"ငိုမဲ့မဲ့နဲ့ ချစ်ဖို့ကောင်းအောင် လုပ်ပြမနေနဲ့။
ဘယ်သူမှ နင့်လို အမေဂျမ်းရုပ်ကို မသနားဘူး"

"ခွပ်!"

"အားးးးးမိလဝန်း နင်!"

"ဘာလဲ ရေနွေးခွက်လေးတောင် သနားလိုက်တာ။နင့်လို ကျောက်တုံးခေါင်းကို ထုမိလို့"

သူငယ်ချင်းအရင်းကြီးအား ရေနွေးခွက်နှင့် ကောက်ထုပြီးတာတောင် ရေနွေးခွက်နှင့် အလွမ်းသယ်ပြနေသော သူငယ်ချင်းမကို လွမ်း
စိတ်တိုတိုဖြင့် ပိတ်ပြောလိုက်၏၊

လွမ်း(COMPLETE)Hikayelerin yaşadığı yer. Şimdi keşfedin