အပိုင်း ၁၂၄ (စာစဉ် ၉ အပိုင်း ၄)

1.2K 134 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၂၄ (စာစဉ် ၉ အပိုင်း ၄)
အံ့အားသင့်မှုဖြင့် နှိုးထခြင်း

ထိုစကားများကို ကြားပြီး ချင်းချန်က သနားစဖွယ် ငိုကြွေးလိုက်ကာ ဆယ်စုနှစ်တစ်ခုကျော် ခံစားခဲ့ရမည့် ချန်ချန်၏ ဒုက္ခများကို စိတ်ကူးနေမိသည်။
'သူက လူကောင်းတစ်ယောက်ပဲ.....ဒါပေမယ့် ငါ့ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်!'
ထိုအကြောင်းကို တွေးမိပြီး ချင်းချန်က သူမ မျက်ရည်များကို သုတ်ပစ်ကာ သူမမျက်ဝန်းထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်လာ၏။

"ဂျူနီယာမောင်လေးချန် မစိုးရိမ်ပါနဲ့ ကျွန်မ ရှင့်ကို ဝူရှင်းကလန်ဆီ သေချာပေါက် ပို့ပေးမှာပါ!"
သူမဘာသာ ရေရွတ်ပြီးနောက် ချင်းချန်က ချန်ချန့်ကို ကျောပိုးကာ ပျံသန်းသွားလေသည်။
တိုက်ပွဲကွင်းပြင်မှ လုံးဝ လွတ်မြောက်သွားပြီး မိစ္ဆာကလန်အဖွဲ့ဝင်များ လိုက်မလာတော့သည်ကို မြင်သောအခါ ချင်းချန်က ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

"အဖေ ကျွန်မ လွတ်ပြီ!"
မကြာမီ ဆက်သွယ်ရေးအဆောင်၏ တစ်ဖက်မှ စိတ်လှုပ်ရှားနေသော ပြန်စာတစ်ခု ရောက်လာသည်။

"ကောင်းတယ် သမီး လွတ်မြောက်သွားတာ ကောင်းတယ် သမီး အခု ဘယ်မှာလဲ? အဖေ သမီးကို လာတွေ့......"
ထိုအချိန်တွင် သူ ရပ်တန့်လိုက်သည်။
"ထားလိုက်တော့ အဖေ အခု ဒဏ်ရာအပြင်းအထန်ရနေတယ် ဝူရှင်းကလန်ရဲ့ လူတွေကလည်း အဖေ့ကို အပြင်ပေးမထွက်ဘူး ဒီတော့ သမီးကို လမ်းပြပေးတာပဲ ပိုကောင်းလိမ့်မယ် မှတ်ထားပါ လမ်းမှာ သတိထားရမယ် သမီး"

"ဟုတ်ကဲ့ပါ!"
ထိုသို့ ဆက်သွယ်ပြီးနောက် ချင်းချန်က ဆက်သွယ်ရေးအဆောင်ကို သိမ်းဆည်းလိုက်သည်။
…........
အချိန်တစ်ချို့ကြာပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။
ချင်းချန်၏ ကျောပေါ်ရှိ ချန်ချန် စတင်ထိတ်လန့်လာသည်။
'ဒီသူတော်စင်မယ်က အရမ်း သဘောကောင်းတာပဲ ပျံနေတုန်းမှာတောင် ငါ့ကို ချီစွမ်းအင်တစ်ချို့ လွှဲပြောင်းပေးနေတုန်းပဲ'
'အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက နှေးနှေးပဲ ပျံသန်းနိုင်တာ အခု သူမက ပိုပြီးတော့တောင် နှေးနေပြီ'
ပျံသန်းခြင်းကို ထိန်းထားရန် လုံလောက်သော ချီစွမ်းအင်မရှိခြင်းကြောင့် ကောင်းကင်မှ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်မှာ ကြိမ်ဖန်များစွာပင်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now