အပိုင်း ၁၅၃ (စာစဉ် ၁၁ အပိုင်း ၃)

1K 120 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၅၃ (စာစဉ် ၁၁ အပိုင်း ၃)
သူတို့ စိတ်နဲ့ပဲ မှန်းကြပါစေပေါ့

ထိုမြင်ကွင်းကို မြင်ပြီး လိပ်နက်ကလန်၏ ကလန်ခေါင်းဆောင်သည် လှုပ်ရှားလိုသော်လည်း ရှောက်ဝူယိုက တားဆီးလိုက်သည်။
"သူတို့က ဘာမှမဟုတ်ပါဘူး ကျုပ်တို့ ဒီနေရာကို ရောက်လာပြီဆိုတော့ အခြေအနေကို အရင်ဆုံးစူးစမ်းတာ ပိုကောင်းတယ်"

ဒါကို ကြားပြီး လိပ်နက်ကလန်ခေါင်းဆောင်က ရပ်တန့်သွားသည်။
အခြားသူများကလည်း မြို့ကို စတင်စူးစမ်းကြတော့၏။
ဆယ်ခြောက်ခုမြောက်မြို့(မြို့၁၆)သည် မီတာရာဂဏာန်းအနည်းငယ်သာ ရှည်လျားကျယ်ဝန်းပေသည်။ ၎င်းကို မြို့လေးတစ်မြို့ဟုပင် မသတ်မှတ်နိုင်သော်လည်း လူတစ်ရာကျော် နေထိုင်ရန် လုံလောက်ပေသည်။
နေရာထိုင်ခင်းအခြေအနေက ဂျင်တိုင်းပြည်ရှိ သူတို့၏ ကလန်နေရာများထက် နိမ့်ကျသော်လည်း စိတ်ဝိညာဉ်စွမ်းအင်က သူတို့ကလန်များထက် အတော်လေး ပိုသိပ်သည်းသည်။
ဒါက အင်မော်တယ်ကျင့်ကြံသူများ၏ အဓိကစိုးရိမ်မှုပင်။

သူတို့၏ သက်ဆိုင်ရာနေရာထိုင်ခင်များကို အကြမ်းဖျင်းစီစဉ်ကြပြီးနောက် လူများစွာ သယ်ဆောင်လာသော စစ်သင်္ဘောတစ်စီးက အဝေးက ကောင်းကင်ဆီမှ ပျံသန်းလာနေ၏။
သင်္ဘောပေါ်ရှိ လူများသည် ချပ်ဝတ်များ ဝင်ဆင်ထားကြပြီး မျက်နှာသေများဖြင့် ရှိနေကြသည်။ သူတို့က စစ်တပ်အမှုထမ်းများဖြစ်ကြသည်မှာ အသိသာပင်။
အချိန်တစ်ချို့ကြာပြီးနောက် စစ်သင်္ဘောသည် ဆင်းသက်လာပြီး လူစုကို ဦစဆောင်လာသော ရွှေရောင်ချပ်ဝတ်နှင့် လူက သူတို့ကို ကြည့်နေပြီး ခေါင်းဆောင်ကျင့်ကြံသူကို ရှာနေဟန်ရသည်။
ထိုအချိန်တွင် ရှောက်ဝူယိုက ရှေ့သို့ ထွက်လိုက်သည်။

"စီနီယာ ကျုပ်တို့က ဂျင်တိုင်းပြည်ရဲ့ နယ်ခြားစောင့်ထပ်ဖြစ်ပြီးတော့ မြို့၁၆ကို လာပြီး စီနီယာတို့ရဲ့ အမိန့်ကို နာခံဖို့ အမိန့်ပေးခံခဲ့ရပါတယ် ကျုပ်တို့မှာ လူ၁၀၀၁ယောက်ရှိပြီး ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၊ အခြေခံတည်ဆောက်ခြင်းအဆင့် အယောက်၂၀၀နဲ့ ချီသန့်စင်ခြင်းအဆင့် အယောက်၈၀၀ရှိပါတယ် စီနီယာတို့ ကျုပ်တို့ရဲ့တာဝန်က နတ်ဆိုးတွေ ထိုးဖောက်ဝင်ရောက်တာကို ကာကွယ်ဖို့ မြို့၁၆ရဲ့ ကီလိုမီတာ၂၀ဝန်းကျင်ကို ဖြန့်ကျက်ပြီး မဟာတံတိုင်းရဲ့ နှစ်ဖက်စလုံးကို စောင့်ကြပ်ရပါမယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Nơi câu chuyện tồn tại. Hãy khám phá bây giờ