အပိုင်း ၁၆၅ (စာစဉ် ၁၁ အပိုင်း ၁၅)

1K 134 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၆၅ (စာစဉ် ၁၁ အပိုင်း ၁၅)
ဖြောင့်မတ်သော လူသားများ

စိတ်ဝိညာဉ်အမြောက်များကို အစီအရင်နောက်တွင် တပ်ဆင်းထားမှသာ ကောင်းကောင်းအသုံးချနိုင်ပေမည်။ စိတ်ဝိညာဉ်အမြောက်များကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မထိန်းချုပ်သရွေ့ အမြောက်များသည် ယွမ်ကန်းအစီအရင်များ မရှိလျှင် အစွမ်းထက်ပြိုင်ဘက်၏ အလျင်အမြန် ဖျက်ဆီးခြင်းကို ခံလိုက်ရပေမည်။
ထို့ကြောင့် ချန်ချန်က စိတ်ဝိညာဉ်အမြောက်များကို မြို့၁၂သို့ ယူမသွားခဲ့ချေ။
ထို့အပြင် သူတို့က ရန်သူများဖြစ်ကြသော်လည်း မြို့၁၂က အကူအညီတောင်းလာခဲ့သည်။ ထို့ကြောင့် မဟာအစီအရင်က ချိုးဖျက်ခံလိုက်ရပြီး အရေးပေါ်အခြေအနေဖြစ်နေကြောင်း ပြသနေ၏။

"ဆရာလည်း ကျွန်တော်တို့နဲ့ လိုက်ခဲပါ"

"ကောင်းပြီလေ" ရှောက်ဝူယို သဘောတူလိုက်သည်။
ထို့နောက် ခနအကြာတွင် ချန်ချန်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးယောက်နှင့် ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူ ဒါဇင်များစွာကို ခေါ်သွားပြီး မြို့၁၂ဆီသို့ တတ်နိုင်သမျှ မြန်မြန်သွားနေကြသည်။

ထိုအချိန်တွင်
မဟာတံတိုင်း၏ ရှေ့ဘက် ကီလိုမီတာထောင်ပေါင်းများစွာ၌ မီတာတစ်သောင်းမြင့်သော တူ ဓားကျင့်ကြံသူများစွာသည် သူတို့၏ ဓားများကို စီးနင်းပြီး စစ်မြေပြင်၏ ရှေ့တန်းဆီသို့ ပျံသန်းနေကြသည်။
ထိုတောင်သည် လူသားမျိုးနွယ်၏ မဟာကလန်ကြီးလေးခုမှ တစ်ခုဖြစ်သော ဟောင်ရန်ဓားကလန်ဘေးတွင် တည်ရှိလေသည်။
ဟောင်ရန်ဿားကလန်သည် မဟာရှမှ အကောင်းဆုံးကျင့်ကြံသူများဖြင့် အင်အားစုများနှင့်ပူး‌ပေါင်းပြီး ဟောင်ရန်ဓားကလန်ကို ခံတပ်အဖြစ်အသုံးပြုကာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထက်မှ နတ်ဆိုးများကို ခုခံနေကြ၏။
ဟောင်ရန်ဓားကလန် မရှိလျှင်ပင် ဒုတိယကာကွယ်ရေးစည်းသို့ ဝင်သွားကြသော မည်သည့်စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်မှ နတ်ဆိုးမဆို အဆက်မပြတ် တိုက်ခိုက်ခံရပေမည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now