နောင် မမေ့နိုင်ခဲ့ဘူး လဲ့ရယ် ။ အဲ့နေ့လေးက စပြီး လဲ့နဲ့ရင်းနှီးခွင့်ရခဲ့တာ နောင့်အတွက်တော့ မင်္ဂလာတစ်ပါးပဲ ။ မျက်လွှာလေးချပြီး လက်ဖက်ရည်လေးသောက်နေတဲ့ လဲ့ရဲ့ပုံစံဟာ အချိန်တွေကြာလာတာတောင် နောင့်ရဲ့မျက်ဝန်းတွေထဲက မထွက်သွားသေးဘူး ။ လက်ဖက်ရည်ခွက်နှုတ်ခမ်းဝမှာ တေ့သွားတဲ့ လဲ့ရဲ့နှုတ်ခမ်းဖူးဖူးလေးဟာ လက်ဖက်ရည်လေးနဲ့ ထိတွေ့ပြီး စိုသွားတဲ့ အခိုက်အတန့် ။ လျှာဖျားလေးနဲ့ နှုတ်ခမ်းလေးသပ်လိုက်တဲ့ အခိုက်အတန့် ။ အို ။ နောင်ရဲ့ ရင်ထဲမှာ သိပ်ကြည်နူးမိတာပဲ လဲ့ရယ် ။
" လဲ့တို့ ခင်နေကြတာတောင် အတော်ကြာပြီနော် ။ "
ကျောင်းပိတ်ရက် ညနေခင်းလေးကို လဲ့နဲ့အတူတာ လမ်းလျှောက်ထွက်လာခဲ့တယ် ။ တော်ဝင်လမ်းမကြီးမှာ လဲ့နဲ့အတူတူ ထီးအဝါလေး ဆောင်းရင်း လျှောက်ခဲ့ကြတာပေါ့ ။ ဒီနေ့ကတော့ မိုးဖွဲဖွဲလေးတွေသာကျသည် ။ လဲ့က ဒီပုံစံအတိုင်းလေးမှာ ဆံနွယ်လေးတွေမှာ သစ်ခွပန်းအဖြူလေး နှစ်ပွင့်ပါမည် ။ စကားပြောတိုင်း ပြုံးမည် ။ သဘောကျရင် သွားဖွေးဖွေးလေးတွေပေါ်အောင် ရယ်မည် ။
အခုဆို လဲ့နဲ့အတူတူ လမ်းလျှောက်ခွင့်ရတဲ့အထိ ရင်းနှီးမှုလေး ရခဲ့ပြီ ။ ကတ္တီပါဖိနပ်လေး စီးထားတဲ့ လဲ့ရဲ့ခြေလှမ်းလေးအတိုင်း ။ လဲ့က ညာဆို နောင်ကလည်း ညာ ။ လဲ့ကဘယ်ဆို နောင်ကလည်း ဘယ် ။ စည်းချက်မှန်စွာ လျှောက်နေရင်းနဲ့မှ လဲ့က ဒီစကားလေး ဆိုခဲ့တော့တာပေါ့ ။
" ဟုတ်တယ်နော် ။ နောင်တို့ တစ်ယောက်နဲ့တစ်ယောက် ခင်ခဲ့ကြတာ တစ်နှစ်ရှိသွားပြီ ။ "
နောက်တစ်နှစ် July လလေးကို ပြန်ရောက်လာတာပါပဲ ။ ဒီတစ်နှစ်အတွင်းမှာလည်း လဲ့နဲ့ သံယောဇဉ်တွေ များခဲ့ပါသည် ။
" ဒီနေ့ညနေတော့ မိုးဖွဲလေးတွေပဲ ကျတယ်နော် နောင် ။ "
" မနေညကရော မနက်ကရော မိုးရွာစွေထားတော့ သူလည်းခဏလောက် အနားယူတာ ဖြစ်မှာပေါ့ ။ "
" အဟက်ဟက် ။ နောင်ကတော့ နောက်ပြီ ။ "
Day တက်နေကြသော ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းပိတ်ရက်လေး ဖြစ်သော်လည်း Distance ကျောင်းသူ ကျောင်းသားတွေအတွက်ကတော့ assiment တင်ရတာကတစ်မျိုး ကျောင်းကိုအလည်လာကြတာက တစ်မျိုးနဲ့ ကျောင်းဝန်းကြီးထဲ လူစည်ကားလှပါသည် ။ တော်ဝင်လမ်းမှာလည်း ကျောင်းသူကျောင်းသားတွေသွားလာလှုပ်ရှားနေကြပါတော့သည် ။ အဆောင်ပြန်ဖို့အတွက် ချယ်ရီလမ်းကို ကွေ့ပြီး ဝင်ခဲ့တော့တယ် ။
YOU ARE READING
အရင်က ဇာတ်လမ်းလေး (ᴍɪɴɪ ꜱᴛᴏʀʏ - ᴄᴏᴍᴘʟᴇᴛᴇ)
Teen Fiction(ᴄᴏᴍᴘʟᴇᴛᴇ) ᴛʜɪꜱ ɪꜱ ᴀ 1994 ᴍɪɴɪ ꜱᴛᴏʀʏ ᴀʙᴏᴜᴛ ᴛᴡᴏ ᴡᴏᴍᴇɴ ꜰᴏʀ ᴍʏ ʀᴇᴀᴅᴇʀꜱ ( ᴘᴀᴜᴋ ᴘᴀᴜᴋ ) . ɪ ʜᴏᴘᴇ ʏᴏᴜ ᴇɴᴊᴏʏ ɪᴛ . ᴘʟᴇᴀꜱᴇ ʀᴇᴀᴅ ɪᴛ ᴘᴀᴛɪᴇɴᴛʟʏ . ʟᴏᴠᴇ ʏᴏᴜ ᴀʟʟ ( ᴘᴀᴜᴋ ᴘᴀᴜᴋ ) . ᴡʀɪᴛᴛᴇɴ ʙʏ ᴍᴏʀᴀ_ɴʏᴇɪɴ. 25.3.2022 <3