4 (unicode)

2K 161 13
                                    

မိုးစက်လေးတွေ တဖွဲဖွဲကျချိန် ထီးအဝါလေးဆောင်းလို့ လဲ့ရဲ့လက်ကို နူးညံ့စွာကိုင်ပြီး လမ်းလျှောက်ရတာ သိပ်သဘောကျတယ် ။ တစ်ခါတစ်ရံ လဲ့ရဲ့ခါးလေးကို ဖက်ရင်းပေါ့ ။

လဲ့ဟာ သိပ်အရှက်ကြီးတဲ့ အမျိုးသမီးလေး ။သူမရဲ့ ပါးနုနုထက်ကို အနမ်းဖွဖွလေးပေးမိတိုင်း ရှက်သွေးဖြာရင်း ရင်ခွင်ထဲတိုးလို့ ထွေးပွေ့ရှာသည် ။

လဲ့ရယ် ။ နောင်တို့ ချစ်လာကြတာ ၂နှစ်ပြည့်တော့မယ် မဟုတ်လား ။ တစ်ယောက်နဲ့တစ်ယောက် ပိုလို့ဂရုစိုက်ခဲ့ကြတယ် ။ သံယောဇဉ်ကြီးခဲ့ကြတယ် ။

မနက်တိုင်းမှာဆို လက်ဖက်ရည်လည်းအတူတူ သောက်ခဲ့ကြတယ် ။ လဲ့ရဲ့ နှုတ်ခမ်းလေးနဲ့လျှာလေး အပူလောင်မှာဆိုးလို့ နောင်ကိုင်တိုင် လက်ဖက်ရည်ပန်းကန်ပြားလေးနဲ့ အအေးခံမှုတ်ပေးတိုင်း လဲ့က မေးလေးထောင်ပြီး ပြုံးရင်းကြည့်မယ် ။ ပြီးရင် ဒီစကားလေးကို နူးညံ့စွာ ပြောမယ် ။

" လဲ့မှာ လက်တွေရော ပါးစပ်တွေရော ပါပါတယ် နောင်ရဲ့ ။ လဲ့လည်း လုပ်တတ်ပါတယ် ။ "

" မလုပ်ရပါဘူး ။ ဖြစ်နိုင်ရင် လဲ့ကို ထမင်းတောင် ခွံ့ကျွေးချင်တာ ။ လဲ့က တားနေလို့ ။ "

နောင် ပြောလိုက်တိုင်း လဲ့က ပိုပြီးပြုံးမယ် ။ အနည်းငယ် အအေးခံထားတဲ့ လက်ဖက်ရည်ကို လဲ့ သောက်လိုက်တိုင်း နောင့်မှာပီတိဖြစ်မိခဲ့တယ် ။

စာကြည့်တိုက်ကို သွားရင်လည်း လဲ့နဲ့ အတူတူ ။ စာကြည့်တိုက်ကို ရောက်ရင်လည်း လဲ့အတွက် စာအုပ်တွေငှားပေးမယ် ။ ပြီးရင် နှစ်ယောက်အတူတူထိုင်ပြီး စကားတွေ ခိုးခိုးပြောမယ် ။

ဒီနေ့တော့ စာကြည့်တိုက်မှာ နောင် တစ်ယောက်ထဲ ။ နောက်ဆုံးနှစ်ရောက်ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် လဲ့နဲ့အမြန်နီးစပ်ချင်လှပြီ ။ နှစ်ဦးသဘောတူ တိတ်တခိုးလေး လက်ထပ်ထားကြမလား ။

" လဲ့ကလည်း အိမ်ပြန်တာ ကြာလိုက်တာ ။ အခုထိလည်း စာကြည့်တိုက်ကို မလာသေးဘူး ။ မကြာခင် ပိတ်တော့မယ့်ဟာကို ။ မိုးကလည်း ညိုလာပြီ ။ တော်သေးတာပေါ့ ။ လဲ့ကို ထီးပေးထားလို့ ။ "

အရင်က ဇာတ်လမ်းလေး (ᴍɪɴɪ ꜱᴛᴏʀʏ - ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now